ငလျင်ကြောင့် နိုင်ငံဝန်း ဘုရားစေတီ ၄၇၇ ဆူ ထိခိုက်ပျက်စီး
DVB
·
August 27, 2016
သြဂုတ် ၂၄ ရက် ညနေပိုင်းက လှုပ်ခဲ့တဲ့ ပြင်းအားကြီး ငလျင်ကြောင့် နိုင်ငံတ၀န်း ဘုရားပုထိုးစေတီပေါင်း ၄၇၇ ဆူ ထိခိုက်ပျက်စီးခဲ့တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦး စီးဌာနက သတင်းထုတ်ပါတယ်။
ဒေသအလိုက်ကြည့်ရင် မန္တလေးတိုင်း၊ ပုဂံမှာ ဘုရားစေတီ ၃၉၇ ဆူ၊ မကွေးတိုင်း၊ စလေဒေသ/ဆားလယ်ဒေသမှာ ဘုရား ၃၅ ဆူ၊ ပခန်းငယ်ဒေသမှာ ဘုရား ၂၇ ဆူ၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းဒေသမှာ ဘုရား ၁၃ ဆူ၊ ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသမှာ ဘုရား ၅ ဆူ အသီးသီး ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။