Home
မြန်မာသတင်း
ခိုင်မျိုးထွန်းအမှု အာမခံလျှောက်လဲချက် ပယ်ချခံရ
DVB
·
August 26, 2016
14067723_148778738898613_6405924684579384658_n
14079999_148778708898616_4665368817370018389_n
ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ပြန်ကြားရေးဌာနမှ ထိပ်တန်းအဆင့်မြင့်ခေါင်းဆောင် တဦးဖြစ်တဲ့ ခိုင်မျိုးထွန်းအမှု အာမခံလျောက်လဲချက်ကို တရားရုံးက ပယ်ချလိုက်ပါတယ်။ သြဂုတ် ၂၅ ရက်နေ့ ၅ ကြိမ်မြောက် ရုံးချိန်းမှာ တရားလိုဘက်နဲ့စွပ်စွဲခံရသူတို့ဘက်တို့ကို အပြန်အလှန်စစ်ဆေးခဲ့ပြီးနောက် အခုအမှုကို တရားသူကြီးက အာမခံချက်လျောက်လဲချက်ပေးလို့ မရတာကြောင်း ပယ်ချလိုက်တာဖြစ်ပါတယ်။ ခိုင်မျိုးထွန်းဘက်က အမှုကို လိုက်ပါဆောင်ရွတ်နေတဲ့ ရှေ့နေ ဦးကျော်သိန်းက “ကျနော်တို့ ခိုင်မျိုးထွန်းကို အာမခံ လျောက်လဲချက်တောင်းခံရာမှာ ခိုင်မျိုးထွန်းက ထွက်ပြေးတိမ်းရှောင်း သွားမယ့်သူတယောက် မဟုတ်သလို နိုင်ငံရေးအရ ဂုဏ်သိက္ခာနဲ့ ရပ်တည်နေသူတစ်ယောက်ဖြစ်တယ်။ သူ့ကိုအာမခံလည်း အပြည့်အဝပေးနိုင်တယ်။ အာမခံပေးနိုင်သူလည်း ရှိတယ်ပေါ့။ အဲ့ဒါကြောင့် ကျနော်တို့ အာမခံပေးသင့်ကြောင်း လျှောက် ထားပါတယ်။ တရားလိုဘက်နဲ့ စွပ်စွဲခံရသူတို့ အပြန်အလှန်လျှောက်လဲပေးပြီးတဲ့နောက်မှာ တရားသူကြီးက ဒီအမှုက အာခံချက်ပေးလို့မရဘူးလို့ပြောပါတယ်” လို့ ဆိုပါတယ်။ တရားလိုရှေ့နေဘက်က လျောက်လဲချက်မှာ အခုကိစ္စဟာ နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သက်နေတာကြောင့် အာမခံ ပေးလို့မရတဲ့အမှုဖြစ်လို့ ခိုင်မျိုးထွန်းကို ဥပဒေနဲ့အညီ သင့်တော်တဲ့ အမိန့်တရပ် ချမှတ်ပေးဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။ စွပ်စွဲခံရထားတဲ့ ခိုင်မျိုးထွန်း အာမခံချက်လျောက်လဲချက်နဲ့ တရားလိုဘက်က လျှောက်လဲတာတွေကို တရားသူကြီးကြားနာပြီးနောက်၊ တရားသူကြီးက ခိုင်မျိုးထွန်းဟာ တရားရုံးက သမ္မာန်စာနဲ့ ခေါ်တာကို နှစ်ကြိမ်တိတိပျက် ကွက်ခဲ့ပြီး၊ အခုအမှုဟာလည်း အာမခံချက်ရတဲ့ ချွတ်ယွင်းချက်ထဲမှာ အကျုံးမဝင်တာကြောင့် အာမခံမပေးနိုင်လို့ဆုံးဖြတ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) အကြား တိုက်ပွဲတွေ ဖြစ်ပွားရာမှာ အစိုးရတပ်မတော်ဘက်က ပြည်သူတွေအပေါ် ပေါ်တာဆွဲတာနဲ့ လမ်းပြအဖြစ် ခေါ်ဆောင်တာတွေ ရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ခိုင်မျိုးထွန်းကို ဒေသကွပ်ကဲမှုစစ်ဌာနချူပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက မေလ ၆ ရက်နေ့မှာ တရားလို ပြုလုပ်ပြီးတော့ ပုဒ်မ ၅၀၅ (ခ) ၊ ၅၀၅ (ဂ) နှင့် စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက် ထားတာဖြစ်ပါတယ်။ 14079999_148778708898616_4665368817370018389_nဒီကနေ့ခိုင်မျိုးထွန်း ရုံးထုတ်တာနဲ့ပတ်သက်ပြီး ကျောက်တော်မြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ စစ်တွေမြို့နယ်တို့က ဒေသခံတွေ တရားရုံးရှေ့မှာ ခိုင်မျိုးထွန်းကို လွှတ်ပေးဖို့တောင်း ဆိုခဲ့ကြတယ်။ ခိုင်မျိုးထွန်းကို နောက်တပတ် စက်တင်ဘာ ၂ ရက်နေ့မှာ ပြန်လည်းရုံးချိန်းထားပါတယ်။ သတင်း - ၀ဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024