သပိတ်ကျင်းမြို့အနီး အင်အားရစ်ခ်ျစတာစကေး ၄.၀ အဆင့်ရှိ ငလျင်လှုပ်

မြန်မာနိုင်ငံ မန္တလေးတိုင်း သပိတ်ကျင်းမြို့နားမှာ အင်အားရစ်ခ်ျစတာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု မနေ့ညက လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ပါတယ်။ သြဂုတ် ၂၅ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီ ၄၇ မိနစ်လောက်မှာ မန္တလေး မြေငလျင်စခန်းမှ မြောက်ဘက် (၅၈) မိုင်ခန့် ကွာဝေးတဲ့ သပိတ်ကျင်းမြို့ရဲ့  အရှေ့တောင်ဘက် (၈) မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်သွားတာလို့ဆိုပါတယ်။ ထိုင်းနိုင်ငံ မြေငလျင်တိုင်းထွာရေးဌာနကတော့  မနေ့ညက စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ အရှေ့တောင်ဘက် (၉) မိုင်ခန့်ကွာဝေးတဲ့နေရာကို ဗဟိုပြု ငလျင်လှုပ်ခတ်သွားတာဖြစ်ပြီး အင်အား ရစ်ခ်ျစတာစကေး ၄.၇ အဆင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up