ငလျင်ကြောင့် ပုဂံဘုရားပေါ်က ဆင်းပြေစဉ် စပိန်သူ ဒဏ်ရာရ
DVB
·
August 26, 2016
ပုဂံ ဒေသက ဘူးလည်သီးဘုရားပေါ်မှာ နေ၀င်ဆည်းဆာလာကြည့်တဲ့ ၂၅ နှစ်အရွယ် စပိန်နိုင်ငံသူဟာ အခုလ ၂၄ ရက်နေ့က ငလျင်လှုပ်တဲ့အချိန်မှာ ဘုရားပေါ်ကနေ ဆင်းပြေးစဉ် ဘုရားပြိုတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ညာဘက်ခြေထောက် ကျိုးသွားခဲ့ပြီး နိုင်ငံခြားသူကို ညောင်ဦးဆေးရုံမှတဆင့် မန္တလေးဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။