Home
မြန်မာသတင်း
ပုဂံဘုရားတွေ အလျင်စလို မပြင်ရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား
DVB
·
August 25, 2016
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံက စေတီပုထိုးတွေကို အလျင်စလို မပြင်ဖို့ မှာကြားထားတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးတိုင်း၊ ပုဂံရှိ စေတီပုထိုး ၁၈၇ ဆူကို အလျင်စလို မပြုပြင်ဘဲ ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)ရဲ့ နည်း အကူအညီနဲ့ စနစ်တကျ စီမံချက်ချလုပ်ဆောင်ဖို့ မှာကြားထားတယ်လို့ ဦးဇော်ဌေးရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ယူနက်စကိုအဖွဲ့က တာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေဟာလည်း အမြန်ဆုံးကူညီဖို့ လုပ်ဆောင်နေကြပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်လည်း ပုဂံကို ဒီနေ့သွားရောက်နေတယ်၊ နယ်မြေခံတပ်မတော်တပ်ရင်းများမှ လုံခြုံရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများကို စတင်ဆောင်ရွက်လျက် ရှိသလို အုပ်ချုပ်ရေးအဖွဲ့အစည်းများကလည်း ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ယူရေး၊ အပျက်အစီးများ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် ဒီကနေ့မှာပဲ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရှင်များနဲ့ ပုဂံမှာ အစည်းအဝေး လုပ်နေကြပါတယ်။ သြဂုတ် ၂၄ရက် ညနေပိုင်းက မကွေးတိုင်း၊ ချောက်မြို့အနီး ဗဟိုပြုပြီး လှုပ်ခဲ့တဲ့ ၆.၈ ရစ်ခ်ျတာစကေးအင်အားရှိ ပြင်းထန်တဲ့ ငလျင်ကြောင့် ပုဂံဒေသအပါအ၀င် နိုင်ငံတ၀န်းရှိ စေတီပုထိုးပေါင်း ၂၀၀ ကျော် ပျက်စီးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024