ငလျင်သင့် မြန်မာပြည်သူများနှင့် အတူရှိဟု အမေရိကန် သမ္မတလောင်း ပြော

အမေရိကန်ပြည်ထောင်စု ရီပတ်ဘလီကင် ပါတီကိုယ်စားပြုပြီး သမ္မတလောင်း အဖြစ် အရွေးချယ်ခံမယ် ဒေါ်နယ်ထရမ့်က ငလျင်ဒဏ်သင့် ပြည်သူတွေနဲ့ အတူ ရှိနေတယ်လို့ ပြောပါတယ်။ ကျနော်ရဲ့ အတွေးနဲ့ ဆုတောင်းတွေဟာ ပြင်းထန်တဲ့ ငလျင်ဒဏ်ကို ခံစားရတဲ့ မြန်မာနဲ့ အီတလီက မိသားစုတွေနဲ့ အတူရှိတယ်လို့ ဒေါ်နယ်ထရမ့်ရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒေါ်နယ်ထရမ့်ကို ထောက်ခံမှတ်ချက်ရေးသူတွေက အိုဘားမားကတော့ ဂေါက်နောက်တပွဲ ရိုက်ဖို့လောက်ပဲ စိတ်ကူးရှိနေသလို ဒေါ်နယ်ထရမ့်ကို နိုဝင်ဘာမှာ မဲပေးဖို့ မစောင့်နိုင်တော့ဘူးလို့ ရေးပါတယ်။ ဒီမှတ်ချက်ကို လူ ၅ သောင်းလောက် ကြိုက်နှစ်သက်ခဲ့ပြီး လူ ၂ထောင်ကျော် မျှဝေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up