DVB Logo
Home
မြန်မာသတင်း
မိုး​ဗြဲ​ရေကာတာ ​ဖောက်ချသဖြင့်​ ကယား​ပြည်နယ် လွိုင်​ကော်မြို့​ ​ရေလွှမ်း
DVB
·
October 14, 2011
Donate to DVB

ကယား​ပြည်နယ် မိုး​ဗြဲ​ရေကာတာက ​ရေ​ဖောက်ချလို့​ လွိုင်​ကော်မြို့​တဝိုက် ​ရေလွှမ်း​မိုး​နေပါတယ်။

မိုး​ဗြဲ​ရေကာတာကို သက်ဆိုင်ရာက​ဖောက်ချတာ​ကြောင့်​ ​အောက်တိုဘာလ ၁၀ ရက်ကစပြီး​ လွိုင်​ကော်မြို့​နား​က ရွာတချို့​ရေမြုပ်ကုန်တယ်လို့​ ​ရေ​ဘေး​လွတ်ရာ တိမ်း​ရှောင်လာတဲ့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

“စက်တင်ဘာ၂၈ ရက်ကစပြီး​တော့​ ​ရေလွှတ်တယ်။ ၉ ရက်​မြောက်တဲ့​အခါ ​ဖောင်း​တောရယ်၊​ ဘုရား​ဖြူရယ် ဘုရား​နီရယ်မှာ အိမ်​ခြေက ၃၀၀ ​ကျော်မယ်။ လူဦး​ရေက ၂၀၀၀၀ ​လောက်ရှိမယ်။ အဲဒီမှာ မြုပ်ကုန်ပြီ။ လူ​တွေ အကုန်လုံး​ပြောင်း​ကုန်ပြီ။ လွယ်​ကော်ဘက်နန်း​ကွတ်က တကယ့်​ စိုး​ရိမ်ရတဲ့​ ​နေရာ​တွေ အဲဒီမှာ​ရေထပ်များ​လာရင်​တော့​ ဟိုး​ဘက်​အောက်​ရေကလျှံသွား​မှာ​လေ။”

KDRG ​ခေါ် ကရင်နီဖွံ့​ဖြိုး​ရေး​သု​တေသနအဖွဲ့​က တာဝန်ခံ ခူ​သောရယ်က ​ရေ​ဘေး​ဒုက္ခသည်​တွေမှာ အ​ရေး​ပေါ်အကူအညီ​တွေလို​နေတယ်လို့​ဆိုပါတယ်။

“​ရေကလည်း​ဖောက်ချ​နေတုန်း​ပဲ။ ရွာ ၃ ရွာက​တော့​ ​ရေမြုပ်တာ​ပေါ့​နော်။ တထပ်အိမ်ဆို ​ခေါင်မိုး​အထိ ​ရေ​ရောက်တယ်။ ဘုရား​ဖြူ၊​ ဘုရား​နီ၊​ ​ခေါင်း​တော အဲဒီမှာ​တော့​ ​ရေအဆိုး​ရွား​ဆုံး​ကြီး​တယ်။ လွိုင်​ကော်မြို့​ပေါ်​တွေမှာလည်း​ကြီး​တယ်။ ဒါ​ပေမယ့်​ အဲဒီ ၃ ရွာ​လောက်​တော့​ ​ရေက မတက်ဘူး​ပေါ့​။ အစိုး​ရက လူ​တွေကို ထွက်သွား​ဖို့​တော့​ တိုက်တွန်း​တာ​တွေရှိတယ်။ အကူအညီက​တော့​ ​ဒေသခံလူမှုအဖွဲ့​အစည်း​တွေကပဲ သူ့​နည်း​သူ့​ဟန်၊​ ကိုယ်ထူကိုယ်ထနဲ့​ပဲ အချင်း​ချင်း​ကူကြတယ်။ သူတို့​ အ​ရေး​တကြီး​ လိုအပ်​နေတာက ​လောင်စာ​ပေါ့​နော်၊​ မီး​သွေး​။ ​သောက်​ရေရယ်၊​ အစား​အစာ​ပေါ့​၊​ ​နောက်တခုက ​ဆေး​ဝါး​။”
မိုး​ဗြဲ​ရေကာတာက ​ရေဆက်စပ်စီး​ဆင်း​လာတဲ့​ ဘီး​လင်း​ချောင်း​မြစ်ဝှမ်း​တ​လျှောက်မှာရှိတဲ့​ စိုက်ပျိုး​ရေး​နယ်​မြေ​တွေ ​ရေလွှမ်း​မိုး​တာ​ကြောင့်​ စိုက်ပျိုး​ရေး​ထွက်ကုန်သီး​နှံ​တွေ ပြတ်လပ်လာတဲ့​အပြင် ဆန်​ဈေး​ ၂ ဆနီး​ပါး​တက်သွား​ပြီ ဖြစ်ပါတယ်။

အရင် ကျပ် တ​သောင်း​ခွဲ​ပေး​ရတဲ့​ သုံး​ပုံး​ဝင် ရှမ်း​ဆန်အိတ်ငယ်တအိတ်ကို အခု ကျပ် ၂ ​သောင်း​ခွဲနီး​ပါး​ပေး​ရပြီး​ ဗမာဆန်က​တော့​ ကျပ် တ​သောင်း​ခွဲအထိ ​ဈေး​တက်​နေပါတယ်။

ကယား​ပြည်နယ်မှာ မနှစ်က မိုး​ခေါင်ခဲ့​လို့​ ဆန်စပါး​မထွက်နိုင်ခဲ့​သလို အခုနှစ်မှာ​တော့​ ​ရေလွှမ်း​မိုး​မှု​ကြောင့်​ စိုက်ပျိုး​ထား​တဲ့​ဆန်စပါး​တွေ အား​လုံး​နီး​ပါး​ပျက်စီး​ကုန်ပြီဟု ​ဒေသခံ​တွေက ​ပြောပါတယ်။

ကယား​ပြည်နယ်မှာရှိတဲ့​ ​ရေအား​လျှပ်စစ် ဓာတ်အား​ပေး​စက်ရုံကို ပံ့​ပိုး​ဖို့​မိုး​ဗြဲ​ရေကာတာကို မြန်မာ့​ဆိုရှယ်လစ်လမ်း​စဉ်ပါတီ ဦး​နေဝင်း​အစိုး​ရလက်ထက် ၁၉၆၂ခုနှစ်မှာ စတင်တည်​ဆောက်ခဲ့​တာဖြစ်ပါတယ်။ ဒီ​ရေကာ​ဆောက်လုပ်မှု​ကြောင့်​ ကယား​၊​ ကယန်း​၊​ ပ​ဒေါင်နဲ့​ ပအို့​လူမျိုး​တွေအ​ခြေချ​နေထိုင်ခဲ့​တဲ့​ ရွာ​ပေါင်း​ ၂၄ ရွာ ​ရေ​အောက်ကို မြုပ်သွား​ပါတယ်။

မိုး​ဗြဲ​ရေကာတာ​ရေလျှံမှု​ကြောင့်​ ကယား​ပြည်နယ်မှာ အခုလို ​ရေလွှမ်း​မိုး​မှု​တွေ ဖြစ်​နေ​ပေမယ့်​ မြန်မာအစိုး​ရနဲ့​ချုပ်ဆိုထား​တဲ့​ နား​လည်မှု စာချွန်လွှာ​တွေအရ တရုတ်ကုမ္ပဏီဟာ ဒီနှစ်အတွင်း​ ​ရေကာတာ ၃ ခုကို ကယား​ပြည်နယ်အတွင်း​ တည်​ဆောက်​ရေး​အတွက် ပြင်ဆင်​နေကြတယ်လို့​လည်း​ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013