နောက်ဆက်တွဲငလျင်ငယ်များ သတိပြုနေထိုင်ကြရန် နှိုးဆော်
DVB
·
August 24, 2016
အင်အားပြင်းငလျင်တွေ လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်တွေ ထပ်မံလှုပ်ခတ်နိုင်တဲ့အတွက် ငလျင်ဗဟိုပြု၍ လှုပ်ခတ်ခဲ့တဲ့ ဒေသတစ်ဝိုက်နဲ့ ငလျင်ဒဏ် ခံစားခဲ့ရတဲ့ ဒေသတွေက ပြည်သူတွေ အနေနဲ့ သတိပြုနေထိုင်ကြဖို့ လူကယ်ပြန်ဌာနက သတိပေးနှိုးဆော်လိုက်ပါတယ်။
ဒီကနေ့ သြဂုတ်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီကျော်လောက်က မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၈)အဆင့်ရှိ မြေငလျင် တစ်ခုလှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။