DVB Logo
Home
မြန်မာသတင်း
က​လေး​စစ်သား​ပြန်လွှတ်​ပေး​ရန် အိုင်အယ်လ်အိုကို တိုင်ကြား
DVB
·
October 14, 2011
Donate to DVB

စစ်သား​အဖြစ် အဓမ္မစု​ဆောင်း​ခံလိုက်ရတဲ့​ ဧရာဝတီတိုင်း​ ဟင်္သာတမြို့​က စစ်သား​ ​မောင်​နေထက်လင်း​ ပြန်လွတ်လာဖို့​ အစ်ကိုဖြစ်သူက ကမ္ဘာ့​အလုပ်သမား​အဖွဲ့​ချုပ် (အိုင်အယ်လ်အို)ကို သွား​ရောက် တိုင်ကြား​လိုက်ပါတယ်။

ဧရာဝတီတိုင်း​ ဟင်္သတမြို့​မြဝတီရပ်ကွက်မှာ​နေတဲ့​ ​မောင်​နေထက်လင်း​ကို တမြို့​တည်း​နေ ​ဒေါ်မာမာ ဆိုသူက လိ​မ္မော်ခြံမှာ အလုပ်​ပေး​မယ်ဆိုပြီး​ မတ်လ ၁၅ ရက်​နေ့​က ​ခေါ်​ဆောင်သွား​ခဲ့​ပါတယ်။

အဲဒီ​နောက်ပိုင်း​ ​လေး​လ​လောက်ကြာမှာ ​မောင်​နေထက်လင်း​က ပခုက္ကူ အ​ခြေစိုက် ခလရ ၂၃၅ မှာ ​ရောက်ရှိ​နေကြာင်း​ ဖုန်း​နဲ့​ဆက်သွယ်လာမှ တပ်ထဲ​ရောက်မှန်း​ သိရတာလို့​ အစ်ကိုဖြစ်သူ ကိုစိုး​လှိုင်က ​ပြောပါတယ်။

“သူ့​ကို လား​ရှိုး​က လိ​မ္မော်ခြံမှာ အလုပ်ရမယ်ဆိုပြီး​ ​ခေါ်သွား​တယ်။ တလခွဲ​လောက် ကြာ​တော့​ ​ဒေါ်မာမာ ပြန်​ရောက်လာတယ်။ ပြန်​ရောက်လာ​တော့​ ကျ​နော့်​ညီ ပါမလာဘူး​။ ကျ​နော်​မေး​တော့​ လိ​မ္မော်ခြံမှာ အလုပ်လုပ်​နေတယ်တဲ့​။ ​လေး​လ​လောက်ကြာ​တော့​ က​လေး​က သင်တန်း​ဆင်း​တယ်။ သင်တန်း​ဆင်း​တော့​မှ ကျ​နော့်​ဆီကို ဖုန်း​ဆက်တယ်။ သူ့​ကို စစ်တပ်ထဲသွင်း​ခဲ့​တာတဲ့​။ အဲလို​ပြောမှ စစ်တပ်ထဲမှာဆိုတာ သိရတယ်။ သင်တန်း​ကျောင်း​ကို​တော့​ ကျ​နော့်​ကို မ​ပြောဘူး​။ သင်တန်း​ဆင်း​ပြီး​တော့​ မိခင်တပ်ရင်း​ရောက်​တော့​မှ တပ်နာမည်က ၂၃၅ တပ်။ လက်ရှိတပ်ထဲမှာရှိ​နေတယ်။”

မောင်​နေထက်လင်း​ဟာ တပ်မှာ မ​ပျော်လို့​ အခုလ ၅ ရက်​နေ့​က အိမ်ကို ထွက်​ပြေး​လာခဲ့​ပေမယ့်​ တပ်က လာဖမ်း​ဆီး​ပြီး​ လက်ရှိ တပ်အချုပ်ထဲမှာ ချုပ်​နှောင်ထား​တယ်လို့​လည်း​ သူက ဆက်​ပြောပါတယ်။

“၁၀ လပိုင်း​ ၅ ရက် ၂၀၁၁ မှာ ထွက်​ပြေး​လာ​တော့​ အဖြစ်အပျက်​တွေကို အကုန်​ပြောပြတယ်။ အိမ်မှာ ၂ ညအိပ်ပြီး​တော့​ တပ်ကလာပြန်ဖမ်း​သွား​တယ်။ ပြန်ဖမ်း​တော့​ သူ့​ကို​ခေါ်သွား​တယ်။ ပခုက္ကူ တပ်အချုပ်ထဲမှာ ထည့်​ထား​တယ်။ ဖုန်း​ဆက်ကြည့်​တော့​ က​လေး​က ပြန်ဝင်မယ်လို့​ပြောတယ်တဲ့​။ မဝင်ချင်လို့​ ပြန်ပဲ​ပြေး​လာပြီး​ပြီ။ က​လေး​က ဝင်မယ်ထား​ဦး​။ ​နောက်တကြိမ် ထပ်​ပြေး​လာဦး​မှာပဲ။”

ညီဖြစ်သူ ပြန်လွတ်လာဖို့​ ဟင်္သတက အမျိုး​သား​ ဒီမိုက​ရေ စီအဖွဲ့​ချုပ် လူမှုအ​ထောက်အကူပြုဖွဲ့​ရဲ့​ အကူညီနဲ့​ ဒီမနက်မှာ ရန်ကုန် အိုင်အယ်လ်အိုရုံး​မှာ တိုင်ကြား​ခဲ့​ပါတယ်။

မောင်​နေထက်လင်းဟာ ၁၉၉၄ မှာ ​မွေး​ဖွား​ပြီး​ အသက် ၁၇ နှစ်ပဲ ရှိ​သေး​တာ​ကြောင့်​ အသက်မပြည့်​သေး​အတွက် တပ်က​နေ ပြန်လွှတ်​ပေး​မယ်လို့​ ​မျှော်လင့်​ကြောင်း​ ကိုစိုး​လှိုင်က ​ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ​ပေါ်မှာ က​လေး​စစ်သား​စု​ဆောင်း​မှု အများ​ဆုံး​ နိုင်ငံ စာရင်း​မှာ နှစ်အတန်ကြာကတည်း​က ရှိ​နေတာဖြစ်ပြီး​ အခုချိန်ထိလည်း​ က​လေး​စစ်သား​ အဓမ္မစု​ဆောင်း​မှု​တွေ ရှိ​နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013