မော်လိုက်မြို့ အရှေ့မြောက်ဘက်တွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၃ ရှိ မြေငလျင်လှုပ်

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ အရှေ့မြောက်ဘက်တွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၃ မြေငလျင်တခု ဒီနေ့ မနက်ပိုင်း လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီနေ့မနက် ၈ နာရီ ၄၂ မိနစ် ၄၈ စက္ကန့်အချိန်က မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၅၈ မိုင်ခန့်အကွာ မြန်မာနိုင်ငံပြည်တွင်း မော်လိုက်မြို့ အရှေ့မြောက်ဘက် ၂၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၃ ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုကိုတော့ မသိရှိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up