Home အာရှဒေသ ဟင်းခတ်အမွှေးအကြိုင် ရွှေခေတ်ကို စောင့်နေတဲ့ အင်ဒိုနီးရှားက ဒတ်ခ်ျ လယ်သမား
ဟင်းခတ်အမွှေးအကြိုင် ရွှေခေတ်ကို စောင့်နေတဲ့ အင်ဒိုနီးရှားက ဒတ်ခ်ျ လယ်သမား
indonesia_spice_farmer_web_111008 ဟင်းခတ်အမွှေးအကြိုင်တမျိုးဖြစ်တဲ့ ဇာတိပ္ဖိုလ်သီးရဲ့ ဈေးနှုန်းဟာ ပြီးခဲ့တဲ့လတွေက တကမ္ဘာလုံးမှာ သုံးဆကျော် မြင့်တက်သွားပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ဘန်ဒါကျွန်းဟာ ဟင်းခတ်အမွှေးအကြိုင်ကျွန်းလို့ နာမည်ကျော်ကြားပါတယ်။ ဒီကျွန်းပေါ်က လယ်သမား တွေဟာလည်း ဟင်းခတ်အမွှေးအကြိုင်ကို ရွှေလိုတန်ဖိုးထားခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၁,၇၀၀ လောက်ကို ပြန်သွားဖို့ အိပ်မက်တွေ မက်နေကြပါတယ်။ ဘန်ဒါကျွန်းပေါ်က ဟင်းခတ်အ မွှေးအကြိုင်ဟာ အင်ဒိုနီးရှားကို နှစ်ပေါင်း ၃၀၀ လောက် ကိုလိုနီပြုခဲ့တဲ့ ဒတ်ခ်ျလူမျိုးတွေ ကို မယုံကြည်နိုင်လောက်အောင် ချမ်းသာကြွယ်ဝစေခဲ့ပါတယ်။
သတင်းထောက် ‘အက်စ်သာ ဒီ ဂျုံး’ (Esther de Jong) က အဲဒီကျွန်းလေးဆီကို သွားပြီး၊ မျိုးရိုးစဉ်ဆက်အလိုက် ဇာတိပ္ဖိုလ်ပင်တွေ စိုက်ခဲ့တဲ့ ဒတ်ခ်ျလူမျိုး ကုန်သည်တဦး ကို တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီဘာသာပြန်သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင် ဆက်ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
ဆက်စပ်သတင်းများ