Home
သတင်းဓာတ်ပုံ
ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်အဆုံးသတ်၍ ရန်ကုန်ကိုပြန်ရောက်ရှိ (သတင်းဓာတ်ပုံ)
DVB
·
August 21, 2016
တရုတ်နိုင်ငံသို့ ၅ ရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့  မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ သြဂုတ် ၂၁ ရက်မွန်းလွဲ ၂ နာရီခွဲလောက်က ရန်ကုန်မြို့ကို တရုတ်လေကြောင်းနဲ့ ပြန်လည်ရောက်ရှိလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က ရှန်ရှီးပြည်နယ်၊ ရှီအန်းမြို့ ကနေ အထူးလေယာဉ်နဲ့ တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ်၊ ကူမင်းမြို့ကိုရောက်ရှိခဲ့ပြီး ကူးမင်းကနေ တဆင့် ရန်ကုန်ကို ပြန်လည်ရောက်ရှိခဲ့တာပါ။ ကူမင်းမြို့မှာ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်အထွေထွေအတွင်းရေးမှူးနဲ့ ဒီနေ့ မနက်ပိုင်းကတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သြဂုတ် ၁၇ ရက်မှ ၂၁ ရက်ထိ ၅ ရက်ကြာချစ်ကြည်ရေးခရီးအတွင်းမှာ  မြန်မာခေါင်းဆောင်ဟာ ပေကျင်းမြို့မှာ တရုတ် သမ္မတ ရှီကျင်းဖျင်၊ တရုတ်ဝန်ကြီးချုပ် လီခချန်းတို့နဲ့လည်းတွေ့ဆုံပြီး နှစ်နိုင်ငံ အကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024