၂၁ ရာစုပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲ မြင်းခြံတွင် ပြုလုပ်
DVB
·
August 21, 2016
သြဂုတ်လကုန်ပိုင်း ကျင်းပ ပြုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲကို ဒီကနေ့ မနက် ၉ နာရီက မြင်းခြံမြို့ ဟစ်တိုင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပင်လုံညီလာခံကြိုဆိုထောက်ခံပွဲမှာ မြင်းခြံမြိုရှိ CSO အဖွဲ့အစည်းတွေ၊ ကျောင်းသား/သူ တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မြင်းခြံ) က ပါတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စုစုပေါင်း လူအင်အား ၁၀၀၀ လောက် တက်ရောက်ခဲ့ပါတယ်။
၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲကို ပန်းရဲ့လမ်းတေးဂီတအဖွဲ့က ဂီတနဲ့ ပါဝင်ကူညီဖျော်ဖြေပေးခဲ့ကြပြီး စာရေးဆရာ ဆရာ ထင်လင်းဦးက ငြိမ်းချမ်းရေးကဗျာကိုလည်း ရွတ်ဖတ်ပေးခဲ့ကြပါတယ်။
သတင်းဓာတ်ပုံ - ရီရီထွန်း (မြင်းခြံ)