Live
Home
မြန်မာသတင်း
နောင်ချိုမြို့တွင် ကျပ်သိန်း ၁၇၀၀ ခန့် တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
August 21, 2016
ရှမ်းပြည်နယ် နောင်ချိုမြို့မှာ GI ခရီးသည်တင် မော်တော်ယာဉ်ပေါ်ပါ ခရီးသည် ၃ ဦးထံမှ ကျပ်သိန်းပေါင်း ၁၆၈၂ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ သြဂုတ် ၂၀ ရက်နေ့က မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်တွေဟာ နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးမှာ မူဆယ်- မန္တလေး GI ခရီးသည်တင် မော်တော်ယာဉ်ကို ရှာဖွေရာ ဝမ်းဗိုက်ပိုင်းပစ္စည်းတွေ ထားတဲ့နေရာမှာ လဂေါင်၊ မဇာနွယ်နဲ့ မဘောမ်နန်တို့ရဲ့ ခရီးဆောင်အိတ်တွေအတွင်းကနေ ကျပ်သိန်းပေါင်း ၁၆၈၂ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူနဲ့ စိတ်ကြွဆေးတွေ ဖမ်းဆီးရမိခဲ့တာလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ သူတို့ ၃ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024