အိုလံပစ်ပြိုင်ပွဲ ဘရာဇီးက ထင်ရှားသည့် ကြိုးတန်းလမ်းလျှောက်သူများ (ရုပ်သံ)

အိုလံပစ်ပွဲတော် ကျင်းပနေတဲ့ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးယိုက ကမ်းခြေတခုမှာတော့ ကြိုးတန်း လမ်းလျှောက်တဲ့သူတွေက အိုလံပစ်ပွဲတော်နဲ့အတူ နာမည်ကြီးလာပါတယ်။ သူတို့တွေက ကြိုးတန်းပေါ်မှာ လမ်းလျှောက်ပြသလို ကြိုးတန်းပေါ်မှာ ခုန်ပြပြီး ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းနိုင်တယ်ဆိုတာကို ပြသကြပါတယ်။ ဒါအပြင် ကြိုးတန်းပေါ်မှာ ကျွမ်းထိုးမှောက်ခုံ လုပ်ဆောင်ပြီး သူတို့ရဲ့ စွမ်းရည်ကို ပြသကြတာကို နယူးယောက်တိုင်းမ်သတင်းက မှတ်တမ်းတင်ထားပါတယ်။ ဒီအထဲမှာ အသက် ၁၃ နှစ်အရွယ်ကနေစတင်ပြီး ကြိုးတန်းပေါ်မှာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ခုန်ပြနိုင်အောင် လေ့ကျင်ခဲ့ပြီး အသက် ၁၈ နှစ်မှာ ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့ ဂျီအိုဗင်နာပက်ရှုစီလည်း ပါဝင်ပါတယ်။ သူများတွေခုန်တာကို ကြည့်ပြီး လုပ်နိုင်ရမယ်လို့ စိတ်ဆုံးဖြတ်ကာ ကြိုးစားခဲ့တယ်လို့လည်း သူက ပြောပါတယ်။ လက်ရှိမှာတော့ ကမ္ဘာ့ချန်ပီယံဖြစ်တာ ၂ ကြိမ်ရှိသွားပြီး ဒါဟာ အလုပ်တခုလို ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up