Home
မြန်မာသတင်း
အွန်လိုင်းပေါ်က လောင်းကစားမှုများ အရေးယူနိုင်ဟု တရားလွှတ်တော်ရှေ့နေပြော
DVB
·
August 20, 2016
အွန်လိုင်းပေါ်မှာ ကုန်ပစ္စည်းဈေးနှုန်း အတက်အကျ ကစားတာဟာ လောင်းကစားမှုမြောက်ပြီး လောင်းကစားဥပဒေနဲ့ အရေးယူဆောင်ရွက်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။ အွန်လိုင်းပေါ်မှာ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းအတက်အကျကို ခန့်မှန်းပြီး လောင်းကစားပြုလုပ်နေတာဟာ ထိုင်းနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေကြပြီး အခုနောက်ပိုင်း မြန်မာနိုင်ငံမှာလည်း စတင်လုပ်ဆောင်လာနေကြတာပါ။ ကုန်ပစ္စည်းရှယ်ယာတွေကို ၀ယ်ယူရင်းနှီးတာမျိုးမဟုတ်ဘဲ တက်နိုင်ကျနိုင်ကို လောင်းကြတာဖြစ်ပါတယ်။ ကုန်ပစ္စည်းဈေး တက်မယ် ကျမယ်ဆိုတာကို ခန့်မှန်းတွက်ချက်လောင်းတဲ့သူတွေရဲ့ လောင်းကြေးငွေ ၂၀ ရာခိုင်နှန်းကို ဒိုင်က ယူပါတယ်။ ကုန်ပစ္စည်းတခု အတက်အကျအပေါ် အလျော်အစားသဘောနဲ့ ခုလို အတက်အကျ ကစားတာဟာ လောင်းကစားမှု မြောက်တာကြောင့် လောင်း ကစားမှုဥပဒေနဲ့ အရေးယူဆောင်ရွက်လို့ရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။ [caption id="attachment_164736" align="aligncenter" width="760"]ရှေ့နေ ဦးကြီးမြင့် ရှေ့နေ ဦးကြီးမြင့်[/caption] “ဘောလုံးပွဲတွေ၊ ပြီးတော့ နောက်ဖြစ်နေတဲ့ အွန်လိုင်းကဟာတွေ အားလုံးအကျုံးဝင်တယ်။ အားလုံးဒီဥပဒေနဲ့ပဲ အရေးယူလို့ရတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အဲ့ဥပဒေမှာကိုပဲ အဓိပ္ပာယ်ဖော်ပြချက်မှာ လောင်းကစားကိရိယာဆိုသည်မှာဆိုတဲ့အထဲမှာ ဘာပါလဲဆိုတော့ လောင်းကစားခြင်းအတွက်ကြံစည်ပြုလုပ်ထားသော သို့မဟုတ် အသုံးပြုနိုင်သော အခြားအရာများဆိုတော့ အဲ့မှာအကုန်ပါသွားတာပဲ။ အဲ့ဒါကြောင့်မလို့ ခုဏကအွန်လိုင်းက ဖြစ်စေ၊ ဘောလုံးပွဲတွေဖြစ်စေ ဒီလောင်းကစားဥပဒေနဲ့အရေးယူဆောင်ရွက်လို့ရတယ်။” ရက်တစ်ရာ စီမံကိန်းပြီး aနာက်ထပ် ရက်တစ်ရာအတွင်းမှာ လောင်းကစားမှုပပျောက်ဖို့အတွက် လောင်းကစားကင်းရှင်းရေး စီမံချက်တွေ ချမှတ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အွန်လိုင်းပေါ်မှာ ဈေးနှုန်းအတက်အကျ လောင်းကစားပြုလုပ်နေတာတွေကို အရေးယူဖို့အတွက် ဥပဒေတခု ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သတင်းထုတ်ပြန်ရေးရဲတပ်ဖွဲ့ ရဲမှူးလှဝေက ပြောပါတယ်။ [caption id="attachment_164735" align="aligncenter" width="704"]hla way ရဲမှူး လှဝေ[/caption] “ဒီခတ်မီ အိုင်တီနည်းပညာတွေ မြင့်မားလာတာကြောင့် အွန်လိုင်းပေါ်မှာ ဒီလိုလောင်းကစားမှုတွေ ပြုလုပ်လာတာ သိရတယ်။ အွန်လိုင်းပေါ်က အိုင်တီနည်းပညာတွေနဲ့ ပတ်သတ်လို့ နည်းဥပဒေတို့၊ လက်ရှိဥပဒေကို ပြင်ဆင်သတ်မှတ်တာတို့ မရှိသေးတဲ့အတွက်ကြောင့် လောလောဆယ် ဒီအွန်လိုင်းကစားမှုအပေါ်မှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနဲ့ လောင်းကစားကိရိယာမဟုတ်ဘူး၊ ဆက်သွယ်ရေးနည်းပညာနဲ့ လောင်းကစားမှုပြုတာဖြစ်တဲ့အတွက် ဒီအပေါ်မှာ ဥပဒေတရပ်ပြဋ္ဌာန်းပြီးတော့မှ ပြည်ထောင်စုလွှတ်တော်ကလည်း အတည်ပြုပြီးတော့မှသာ ကျနော်တို့ ဥပဒေတရပ် သတ်မှတ်ပြီးတော့မှသာ  အရေးယူဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။” လောင်းကစားမှုဆိုတာကတော့ ကံကစားခြင်း၊ ကျွမ်းကျင်မှုကစားခြင်းကို အဓိကဆိုလိုတာဖြစ်ပါတယ်။ လောင်းကစားမှုပြုလုပ်ရာမှာ လမ်းပေါ်မှာလောင်း ကစားပြုလုပ်တာနဲ့ လောင်းကစားအိမ်လုပ်ပြီး လောင်းကစားပြုလုပ်တာနှစ်မျိုးလုံး ဖမ်းဆီးရမိပါက လောင်းကစားဒိုင်ဖြစ်သူကို ထောင်ဒဏ် ၃ နှစ်ထိချမှတ်နိုင်ပြီး လောင်းကစားမှာ ပါဝင်ကစားသူတွေကို ထောင်ဒဏ် ၁ နှစ်ထိ ချမှတ်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024