Home
မြန်မာသတင်း
မြန်မာစစ်တက္ကသိုလ်မှ ကျောင်းဆင်းဘွဲ့ရ အရာရှိပေါင်း ၂၈၀၀၀ ကျော်ရှိပြီ
DVB
·
August 19, 2016
11036668_1043076792410038_6477789279930361749_n
13939516_1293895977311554_7780404455053564003_n
မြန်မာတပ်မတော်အနေနဲ့ စစ်တက္ကသိုလ် စတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ ကျောင်းဆင်းဘွဲ့ရ အရာရှိပေါင်း ၂၈၀၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။ သြဂုတ် ၁၈ ရက်က ပြင်ဦးလွင်တပ်နယ်၊ စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ တပ်နယ်က နည်းပြအရာရှိတွေနဲ့ တွေ့ဆုံပြောကြားခဲ့တာလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်တက္ကသိုလ် စာပေဌာန(ဘွဲ့လွန်)အနေဖြင့် မဟာဝိဇ္ဇာဘွဲ့ ၆၀၉ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၆၂၉ ဦး၊ မဟာကွန်ပျူတာသိပ္ပံဘွဲ့ ၇၉၆ ဦး၊ စုစုပေါင်း ၃၀၃၄ ဦးနဲ့ ပါရဂူဘွဲ့ရရှိသူ ၁၈၆ ဦးကိုလည်း ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ တပ်မတော်နည်းပညာတက္ကသိုလ်ကလည်း ကျောင်းဆင်းဘွဲ့ရ အရာရှိ ၇၅၀၀ ဦးခန့် လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး၊ မဟာအင်ဂျင်နီယာဘွဲ့ ၁၃၂ ဦးနဲ့ အင်ဂျင်နီယာပါရဂူဘွဲ့ ၄၁ ဦးရှိခဲ့ကြောင်း၊ ပြည်ပနိုင်ငံတွေမှာ Doctor of Science ဘွဲ့ရအရာရှိ ၃ ဦးနှင့် တက်ရောက်ဆဲ အရာရှိ ၁၀ ဦး မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအရာရှိတွေဟာ ခေတ်မီတပ်မတော် (Standard Army) တစ်ရပ် တည်ဆောက်ရေးမှာ များစွာ အကျိုးကျေးဇူးရရှိသည့်အပြင် အမျိုးသားနိုင်ငံရေးဦးဆောင်မှုမှာ နိုင်ငံတော်အတွက် များစွာ အထောက်အကူပြုတဲ့အကြောင်း၊ နိုင်ငံတကာတပ်မတော်တွေနဲ့ ရင်ပေါင်တန်းနိုင်ရန် ပညာတတ်မြောက်မှုဟာ လွန်စွာအရေးကြီးတယ်လို့လည်းတပ်မတော် အကြီးအကဲက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024