ရသေ့တောင်တွင် ကျောင်းကြိုပို့ စက်လှေနစ်မြုပ်၊ ကျောင်းသူ ၄ ဦး ပျောက်ဆုံး
DVB
·
August 19, 2016
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဒီနေ့မနက် ၉ နာရီကျော်က ကျောင်းသားတွေကို သယ်ဆောင်လာတဲ့ စက်လှေတစီး နစ်မြုပ်ခဲ့ပြီး ကျောင်းသူ ၄ ဦး ပျောက်ဆုံးသွားခဲ့လို့ တာဝန်ရှိသူတွေက ရှာဖွေနေပါတယ်။
ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသဈီးကုန်တန်းကျေးရွာကနေ ရန်အောင်ပြင်ကို ကျောင်းတက်လာတဲ့ ကျောင်းသား/သူတွေဖြစ်ကြပြီး ၉ တန်းကျောင်းသူ မဦးတင်မေဦး၊ ၇ တန်းကျောင်းသူ မနီနီအေး၊ ၅ တန်းကျောင်းသူ ၂ ဦးဖြစ်တဲ့ မခိုင်ဖြိုးဝေနဲ့ မဦးတင်ရီတို့ ပျောက်ဆုံးသွားတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။
အခုအချိန်ထိ စက်လှေနစ်မြုပ်ခဲ့တာနဲ့ပတ်သက်ပြီး သေဆုံး၊ ပျောက်ဆုံးစာရင်းကို အတိအကျ မသိရသေးဘူးလို့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော် ကျောင်းစက်လှေတစီး နစ်မြုပ်တယ်ဆိုပြီးကြားလို့ အခု သွားနေပါတယ်။ ဘယ်နှယောက် သေတယ်၊ ဘယ်နှယောက် ရှင်တယ်ဆိုတာ အတိအကျမသိရသေးခင်ဗျ။ လောလောဆယ်တော့ သုံးယောက်လို့ ကြားပါတယ်။ မသေချာသေးဘူခင်ဗျ။ အဲ့ဒီ စက်လှေပေါ် ကျောင်းသူကျောင်းသား ဘယ်နှဦး ပါလာတယ်ဆိုတာ မသိသေးဘူး။ ၁၂ နာရီလာက်မှာ အဲ့ဒီနစ်မြုပ်နေရာကို ရောက်မယ်။"
၂၀၁၅ ခုနှစ် ဇွန်လ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီးပြင်တောင်ဖျားချောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၃၇ ဦး သယ်ဆောင်လာတဲ့ စက်လှေတစီးနစ်မြုပ်ခဲ့လို့ ၇ ဦးသေဆုံးခဲ့ပါတယ်။
သတင်း - ၀ဏ္ဏခွာညို၊ ဓာတ်ပုံ - ဇင်နွယ်