DVB Logo
Home
မြန်မာသတင်း
နေပြည်​တော်က ဝန်ထမ်း​များ​ကို အိမ်လခ​ကောက်​တော့​မည်
DVB
·
October 13, 2011
Donate to DVB

နေပြည်​တော်က အစိုး​ရပိုင်အ​ဆောက်အဦ​တွေမှာ ဝန်ထမ်း​တွေကို အခမဲ့​နေထိုင်ခွင့်​ပြုထား​ခဲ့​ရာက ဒီလကုန်ကစပြီး​ အိမ်လခ​ကောက်ခံ​တော့​မယ်လို့​ သတင်း​ရရှိပါတယ်။

လစာရဲ့​ ၁၀ ရာခိုင်နှုန်း​ကို အိမ်လခအဖြစ် ​ကောက်ခံမယ်လို့​ ​နေပြည်​တော် ဝန်ထမ်း​က ​ပြောကြာင်း​ ဝန်ထမ်း​တဦး​က ​ပြောပါတယ်။

“အိမ်လခရယ်၊​ ​ရေဖိုး​ရယ်၊​ မီး​ဖိုး​ရယ်ဆိုရင် သူတို့​ လခရဲ့​ ၁၀ ရာခိုင်နှုန်း​ ကုန်လိမ့်​မယ်တဲ့​။ ၁၀ ရာခိုင်နှုန်း​ ဖြတ်မယ်​ပေါ့​။ တကယ့်​တကယ် တွက်ကြည့်​တော့​ ၄ ​သောင်း​ရတဲ့​လူက ၁ ​သောင်း​ကုန်မယ်တဲ့​ အဲဒီလို​ပြောတယ်။ အိမ်လခ​ရော၊​ မီး​ဖိုး​ရော၊​ ​ရေဖိုး​ရောဆိုရင်။”

ဒီကိစ္စကို​မေး​မြန်း​ဖိ့​ သက်ဆိုင်ရာ ​နေပြည်​တော်​ကောင်စီကို ဆက်သွယ်​မေး​မြန်း​လို့​ မရ​သေး​ပါဘူး​။

တပ်မ​တော်အစိုး​ရလက်ထက် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှာ ကြပ်​ပြေး​ဒေသကို ​ပြောင်း​ရွှေ့​အပြီး​ ​နောက်တ မတ်လကုန်မှာ ​နေပြည်​တော် အုပ်ချုပ်​ရေး​မြို့​တော်အဖြစ် အမည်​ပေး​ပြီး​နောက် ဝန်ထမ်း​တွေကို ဆင့်​ခေါ်ပြီး​ အခမဲ့​ ​နေထိုင်ခွင့်​ပေး​ထား​တာလို့​ သိရပါတယ်။

ဝန်ထမ်း​တွေကို အစိုး​ရက ​နေပြည်​တော်က မြို့​သစ်ရပ်ကွက်​တွေမှာ ​မြေကွက်​တွေ ချ​ပေး​ခဲ့​ပါတယ်။ တပ်ကုန်း​နယ်ဘက်က ဥတ္တရသီရိ၊​ ပုပ္ဗသီရိနဲ့​ လယ်​ဝေး​နယ်ထဲက ဒက္ခိဏသီရိ စတဲ့​မြို့​နယ်သစ်မှာ ဝန်ထမ်း​တွေအတွက် ​မြေကွက်​တွေရိုက်ပြီး​ ​ဝေ​ပေး​ထား​ပါတယ်။

အိမ်ယာအကွက်​တွေကို ဝန်ထမ်း​တွေက ပြန်​ရောင်း​ချင်ရင် အစိုး​ရခွင့်​ပြုချက်ရတာနဲ့​ ​မြေတကွက်ကို ကျပ် ၆ သိန်း​၊​ ​မြေရှင်း​ပြီး​သား​ဆိုရင် ကျပ် ၁၂ သိန်း​၊​ ခြံပါခတ်ပြီး​ဖြစ်ရင် ကျပ်သိန်း​ ၂၀ ထိ ​ပေး​ပြီး​ ဝယ်ယူ​နေသူ​တွေလည်း​ရှိ​နေပြီး​ ဝန်ထမ်း​တွေကလည်း​ ပြန်လည်​ရောင်း​ချ​နေကြတယ်လို့​ ဝန်ထမ်း​က ဆိုပါတယ်။

“အခု ကျ​နော်တို့​ ​နေပြည်​တော်မှာက တ​ယောက်နဲ့​တ​ယောက် ကား​လည်း​ မပြိင်ဘူး​ဗျ။ ​ရွှေလည်း​ မပြိုင်ဘူး​။ ဝိုင်း​ကွက် ဘယ်နှကွက် ရှိတုန်း​လို့​ ပြိုင်တာ။”

ဇမ္ဗူသီရိ၊​ ​ဇေယျာသီရိလို ​နေရာ​တွေမှာ​တော့​ ထိပ်ပိုင်း​အာဏာပိုင်​တွေ ​နေထိုင်သလို ​ဟော်တယ်ဇုန်​တွေ ​ဆောက်လုပ်​နေတာလို့​ဆိုပါတယ်။ ဇမ္ဗူသီရိက ရာဇဌာနီလမ်း​က ​မြေကွက်တခုကို သိန်း​တ​ထောင်ခန့်​ထိ ​ဈေး​ပေး​ဝယ်သွား​တယ်လို့​လည်း​ ဆိုပါတယ်။

နေပြည်​တော်က ​မြေကွက်​တွေကို ​ဈေး​ကြီး​ပေး​ပြီး​ ဝယ်သူ​တွေထဲမှာ ရှမ်း​တရုတ်နွယ် အ​တော်များ​များ​ ပါဝင်တယ်လို့​လည်း​ ဝန်ထမ်း​တွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013