DVB Logo
Home
မြန်မာသတင်း
ထောင်မှလွတ်လာ​သော ဗိုလ်ချုပ်​ဆေထင် ကျန်း​မာ​ရေး​စစ်​ဆေး​မှုခံယူ
DVB
·
October 13, 2011
ထောင်မှလွတ်လာ​သော ဗိုလ်ချုပ်​ဆေထင် ကျန်း​မာ​ရေး​စစ်​ဆေး​မှုခံယူ
Donate to DVB

အကျဉ်း​ထောင်က​နေ မ​နေ့​ကလွတ်လာတဲ့​ ​ထောင်ဒဏ်နှစ်အရှည်ဆုံး​ နိုင်ငံ​ရေး​အကျဉ်း​သား​ ရှမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်​ဆေထင်ဟာ ဒီ​နေ့​ ရန်ကုန်မြို့​မှာ ကျန်း​မာ​ရေး​ဆေး​စစ်မှု ခံယူ​နေတယ်လို့​ သူ့​သမီး​ နန်း​ခမ်း​ပေါင်း​က ဒီဗွီဘီကို ​ပြောပါတယ်။

“အ​ဖေက​တော့​ ဒီ​နေ့​ သူ့​ကျန်း​မာ​ရေး​ ​ဆေး​စစ်တယ်ရှင့်​။ ​နောက်ပြီး​တော့​ မျက်စိလည်း​ ပြန်စစ်တာ​ပေါ့​။ အခုက​တော့​ ဓာတ်မှန်ရိုက်​တော့​ အား​လုံး​ ​ကောင်း​ပါတယ်။ ​ဆေး​မစစ်ရတာ ကြာလို့​ သူ့​ကို ကျမတို့​က သား​သမီး​အ​နေနဲ့​ သူ့​ကို ​ဆေး​စစ်ခိုင်း​တာပါ။ မစိုး​ရိမ်ရဘူး​ရှင့်​။”

ဆေး​စစ်ချက်အရ ကျန်း​မာ​ရေး​အ​ခြေအ​နေ ပုံမှန်ဖြစ်​နေပြီး​ မျက်မှန်အသစ်ထပ်လဲရ​ကြောင်း​၊​၊​ မနက်ဖြန် မနက်မှာ လား​ရှိုး​မြို့​ကိုပြန်ဖို့​ စီစဉ်ထား​ကြောင်း​ ဗိုလ်ချုပ်​ဆေထင်ကို ပြုစုတဲ့​ သူ့​တပည့်​က ​ပြောပါတယ်။

ဗိုလ်ချုပ်​ဆေထင်ဟာ မ​နေ့​က စစ်​တွေအကျဉ်း​ထောင်ကလွတ်ပြီး​ အာဏာပိုင်​တွေက သူ့​ကို ​လေယာဉ်နဲ့​ ရန်ကုန်ကို ပို့​ဆောင်ပါတယ်။ ရန်ကုန်မှာ ညအိပ်ပြီး​ ဒီ​နေ့​မှာ လား​ရှိုး​က မိသား​စုဆီကိုပြန်ဖို့​ စီစဉ်ထား​ပေမယ့်​ ​လေယာဉ်မခရီး​စဉ် မရှိလို့​ မပြန်ဖြစ်​သေး​ကြောင်း​ နန်း​ခမ်း​ပေါင်း​က ​ပြောပါတယ်။

“မနက်ဖြန်ကျရင် ​ရောက်မ​ရောက် အဲဒါ ကျမ ​သေချာ မ​ပြောနိုင်ဘူး​ရှင့်​။ ဘာဖြစ်လို့​လဲဆို​တော့​ အ​ဖေက ​ဆေး​စစ်တယ်ဆို​တော့​ ဆရာဝန်က ​ဆေး​စစ်ပြီး​ ​နောက်ထပ်​နေခိုင်း​ရင်လည်း​ ​နေခိုင်း​မယ် သို့​မဟုတ်ရင်လည်း​ မ​နေခိုင်း​ဘဲနဲ့​ မနက်ဖြန် ​လေယာဉ်ရှိလို့​ ​လေယာဉ်နဲ့​ ပါလာရင်လည်း​ ပါလာလိမ့်​မယ်။”

ဗိုလ်ချုပ်​ဆေထင်ဟာ အသက် ၇၅ နှစ်ရှိပြီး​ ​ထောင်ထဲမှာ ​သွေး​တိုး​နဲ့​ ဆီး​ချို​ရောဂါအတွက် ​ဆေး​တွေ မပြတ်မှီဝဲ​နေခဲ့​ရပါတယ်။ မျက်စိမှာ ​ရေတိမ်စွဲပြီး​ ပြီး​ခဲ့​တဲ့​ ​မေလက စစ်​တွေသံဃာ့​ဆေး​ရုံမှာ ခွဲစိပ်ကုသမှုခံခဲ့​ရပါ​သေး​တယ်၊​။

ထောင်ဒဏ် ၁၀၆ နှစ် ကျခံရတဲ့​ ဗိုလ်ချုပ်​ဆေး​ထင်ဟာ ပြစ်ဒဏ်ချခံရတဲ့​ ၂၀၀၅ ခုနှစ်ကစပြီး​ စစ်ကိုင်း​တိုင်း​ ခန္တီး​ထောင်ထဲမှာ အကျဉ်း​ကျ​နေခဲ့​ပါတယ်။ ၂၀၁၁ နှစ်ဦး​ပိုင်း​မှာ သူ့​ကို အာဏာပိုင်​တွေက ရခိုင်ပြည်နယ် စစ်​တွေ​ထောင်ကို ​ပြောင်း​ရွှေ့​ခဲ့​ပါတယ်။

ဗိုလ်ချုပ်​ဆေထင်ဟာ ‘နအဖ’ စစ်အစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ လုပ်ထား​ခဲ့​တဲ့​ ရှမ်း​ပြည်တပ်မ​တော် (​မြောက်ပိုင်း​) အထူး​ဒေသ (၃) ဥက္ကဋ္ဌဖြစ်သလို ရှမ်း​ပြည်နယ်ငြိမ်း​ချမ်း​ရေး​ကောင်စီ ဥက္ကဋ္ဌလည်း​ဖြစ်ပါတယ်။ သူနဲ့​အတူ ခွန်ထွန်း​ဦး​၊​ စိုင်း​ညွန့်​လွင် စတဲ့​ ရှမ်း​ခေါင်း​ဆောင် ၈ ဦး​ကို “ရှမ်း​ပြည်ပညာရှင်များ​ကောင်စီ ဖွဲ့​စည်း​ဖို့​ လှုပ်ရှား​ကြတယ်”ဆိုတဲ့​ စွပ်စွဲချက်နဲ့​ နှစ်ရှည်​ထောင်ဒဏ်​တွေ ချမှတ်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013