Home
မြန်မာသတင်း
မြင်းမူမြို့နယ် လက်ပံကျေးရွာတွင် မီးလောင်၊ လူနေအိမ် ၄ လုံး ပျက်စီးဆုံးရှုံး (ဓာတ်ပုံ)
DVB
·
August 17, 2016
14068203_1823838744569149_306391110745515000_n
13939530_1823838607902496_5239486581932202439_n
13939478_1823838724569151_1562462544486372759_n
13939471_1823838701235820_8133388416572402405_n
13934689_1823838647902492_954899548251132649_n
13912734_1823838517902505_3907306159904990179_n
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် တောချောင်ဦးအုပ်စု လက်ပံကျေးရွာမှာ သြဂုတ်လ ၁၆ နေ့ နေ့လည်ပိုင်းက မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၄ လုံး ဆုံးရှုံးပျက်စီးခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုမှာ တောင်သူတဦးနေအိမ်မှ မီးကြွင်းမီးကျန်မှတဆင့် လောင်ကျွမ်းခဲ့တာပါ။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကပ်မိုးကပ်ကာ နေအိမ် ၃ လုံးနဲ့ ၂ ထပ်တိုက် ၁ လုံး ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်ငွေ ၆၉၆၆၀၀၀ ဖိုးခန့် ဆုံးရှုံးခဲ့တယ်လို့ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရပါတယ်။ မီးလောင်ကျွမ်းမှုအား မြင်းမူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ကျေးရွာသူ ကျေးရွာသားများ စုပေါင်းပြီး မီးသတ်ယာဉ် ၃ စင်းဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။ အဆိုပါ မီးလောင်မှုနဲ့ပတ်သတ်ပြီး မီးပေါ့ဆစွာအသုံးပြုသူ ဦးမြင့်အား အရေးယူပေးရန် ဒုရဲမှူး မျိုးဝင်းမှ တရားလိုပြုလုပ်ပြီး တိုင်တန်းရာ တောချောင်းဦးနယ်မြေရဲစခန်းမှ ပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း သိရပါတယ်။ သတင်း- ရန်နိုင်စိုး၊ ဓာတ်ပုံ- ကိုမောင်ရင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024