DVB Logo
Home
မြန်မာသတင်း
နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ အမြန်လွတ်​စေချင်ဟု ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား
DVB
·
October 12, 2011
နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ အမြန်လွတ်​စေချင်ဟု ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား
Donate to DVB

ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ အမြန်ဆုံး​ လွတ်​စေချင်တယ်လို့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။

ဒီ​နေ့​မနက် ​အောက်တိုဘာ၁၂ မှာကျင်း​ပတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​များ​ရဲ့​ ပထမအကြိမ် ဂါရဝပြု ကန်​တော့​ပွဲ အခမ်း​အနား​အပြီး​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်တာပါ။

ဒီနေ့ လွတ်လာတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​ ၁၀၀ ခန့်​ရှိပြီလို့​ သိရ​ကြောင်း​၊ ဆက်ပြီး​လွှတ်မယ်လို့​လည်း​ ​မျှော်လင့်​ကြောင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က သတင်း​ထောက်​တွေကို ​ပြောကြား​ပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေရဲ့​ ပထမအကြိမ် ဂါရဝပြု ကန်​တော့​ပွဲ အခမ်း​အနား​သို့​ ​ရွှေဂုံတိုင် ​တော်ဝင်နှင်း​ဆီခြံမှာ ကျင်း​ပတာဖြစ်ပြီး​ နိုင်ငံ​ရေး​အကျဉ်း​သား​ ​ဟောင်း​တွေ၊​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေရဲ့​ မိသား​စု​တွေ၊​ မြန်မာ့​နိုင်ငံ​ရေး​ကို စိတ်ဝင်စား​သူ၊​ ​ထောက်ခံသူ​တွေ စုစု​ပေါင်း​ လူ တ​ထောင်ခန့်​ တက်​ရောက်ပါတယ်။

အခမ်း​အနား​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေက အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဒုတိယဥက္ကဋ္ဌ ဦး​တင်ဦး​၊​ ပါတီဗဟိုအလုပ်အမှု​ဆောင် ဦး​ဝင်း​တင်နဲ့​ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ကို ဂါရဝပြုကန်​တော့​ခဲ့​ကြပါတယ်။

ဂါရဝပြုအခမ်း​အနား​ကျင်း​ပရတဲ့​ အ​ကြောင်း​ရင်း​နှစ်ချက်ရှိတယ်လို့​ ၈၈ မျိုး​ဆက် နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ကိုဖြိုး​မင်း​သိမ်း​က ခုလို​ပြောပြပါတယ်။

“တချက်က မြန်မာနိုင်ငံရဲ့​ ဒီမိုက​ရေစီအ​ရေး​ လှုပ်ရှား​မှု​တွေမှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေဆိုတာ ရှိ​နေတယ်ဆိုတာကို ပြသလိုက်တာပါ။ အကျဉ်း​ထောင်ထဲ​တွေမှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ရှိ​နေတယ်။ အပြင်မှာလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေ ရှိခဲ့​တယ်။ မြန်မာနိုင်ငံရဲ့​ ဒီမိုက​ရေစီ လှုပ်ရှား​မှုဟာ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ ရှိ​နေတယ်ဆိုတာကို ပြသတဲ့​ပွဲဖြစ်တယ်။

“နှစ်က​တော့​ လက်ရှိမြန်မာနိုင်ငံ ဒီမိုက​ရေစီ ပြုပြင်​ပြောင်း​လဲ​ရေး​ကို အဓိက ​ခေါင်း​ဆောင်​နေတဲ့​ နိုင်ငံ​ရေး​ခေါင်း​ဆောင် သုံး​ယောက်ကို ​ထောက်ခံတယ်။ ယုံကြည်တယ်။ ဒီလူ​တွေအ​ပေါ်မှာ ဝန်း​ရံပြီး​ ဆက်လက်ပြီး​ သူတို့​ရဲ့​ ဦး​ဆောင်မှု​အောက်မှာ ဆက်လက်ရှိ​နေမယ်ဆိုတာကို ပြသတဲ့​အ​နေနဲ့​ ဒီကန်​တော့​ပွဲ​လေး​ကို ပြုလုပ်တာဖြစ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013