Home
မြန်မာသတင်း
ရေမဆေးကျောက်ရှာသူများကို ဖမ်းဆီး နေရပ်ပြန်ပို့မည့်အပေါ် ဖားကန့်အမတ် ကန့်ကွက်
ကျော်ဇေယျာဝင်း
·
August 17, 2016
ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ကွက်တွေမှာ ရေမဆေးကျောက်ကျောက် ရှာဖွေသူတွေကို ရှာဖွေခွင့်ကန့်သတ်ပြီး ဖမ်းဆီးနေရပ်ပြန်ပို့မယ့်အစီစဉ်ဟာ မဖြစ်သင့်ဘူးလို့ ဖားကန့်အမတ်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ လွှတ်တော်အမတ် ဦးကျော်နီနိုင်ရဲ့ ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ကွက်တွေမှာ ဥပဒေမဲ့ အုပ်စုဖွဲ့ကျူးကျော်ပြီး ရေမဆေးကျောက်ရှာဖွေနေကြလို့ ကုမ္ပဏီလုပ်ငန်းရှင်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းဆောင်ရွက်ပေးမလဲဆိုတဲ့ မေးခွန်းအပေါ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖမ်းဆီးနေရပ်ပြန်ပို့မယ်ဆိုပြီး ဖြေဆိုခဲ့တာပါ။ တရားဝင်ကျောက်စိမ်းတူးဖော်မှုလိုင်စင်ရ ကုမ္ပဏီဝန်ထမ်းတွေမှအပ ကျောက်စိမ်းလုပ်ကွက်တွေကို ပျံကျလုပ်သားတွေ ၀င်ရောက်ခွင့်မပြုတော့တာ၊ ဒေသအတွင်းရှိ ရေမဆေးရှာဖွေသူတွေကို ဖယ်ရှားရှင်းလင်းတာ၊ အခြားဒေသက လာရောက်ရှာဖွေသူတွေကို နေရပ်က ပြန်လည်ပို့ဆောင်ခြင်းတွေ ပြုလုပ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ၀န်ကြီးရဲ့ အခုလို ပြောဆိုချက်အပေါ် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေကရတဲ့ အကျိုးအမြတ်ဟာ နိုင်ငံတော်ကို ထိထိရောက်ရောက် အကျိုးပြုရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်သလို ရေမဆေးသမားတွေကို ဖမ်းဆီးအရေးယူတာ နေရပ်ပြန်ပို့မယ်ဆိုတာဟာ လုံးဝမဖြစ်သင့်ဘူးလို့ ပြောပါတယ်။ “ကျနော်ဖားကန့်ဒေသခံမှာနေတဲ့ ဒေသခံပြည်သူတယောက်ပါ။ ဒါတွေက နိုင်ငံတော်ကိုလည်း ထိထိရောက်ရောက်အကျိုးမပြုဘူး။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို သူတို့တွေ အမြောက်အမြား ခိုးနေတဲ့ကိစ္စကိုကြတော့ လက်ခံပြီးတော့ မြေဇာပုံထဲကနေ မြေကြီးလေး လက်ယက်ပြီး ရှာစားနေကြတဲ့ ဒီရေမဆေးလူတန်းစားတွေကိုတော့ အခုလိုပြောင်းရွှေ့ဖို့တွေ ဖမ်းဆီးပြီးတော့ နေရပ်ပြန်ပို့ဖို့တွေ လုပ်တယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ ကျနော်ပြောချင်တယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024