Home
မေးမြန်းခန်း
သမ္မတကြီး​ ဦး​သိန်း​စိန်ဆီမှာ ဇာဂနာရဲ့​ အသက်ကို အ​ပေါင်ထား​ပါမယ်
အေးနိုင်
·
October 12, 2011
နိုင်ငံ​ကျော် ဟာသအနုပညာရှင်၊​ လူမှုကူညီ​ရေး​လုပ်ငန်း​လုပ်​ဆောင်သူ သရုပ်​ဆောင် ဒါရိုက်တာ ​မောင်သူရ (​ခေါ်) ဇာဂနာ ဒီက​နေ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ကချင်ပြည်နယ်မြစ်ကြီး​နား​ထောင်က ပြန်လွတ်ပါတယ်။ မြစ်ကြီး​နား​ထောင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၈ ဦး​ရှိတဲ့​အနက် သူအပါအဝင် သုံး​ဦး​သာ လွတ်​မြောက်တယ်လို့​ သူက ​ပြောပါတယ်။ ပြန်လည်လွတ်​မြောက်လာတဲ့​ ကိုဇာဂနာကို ​မေး​မြန်း​ထား​ပါတယ်။ မြစ်ကြီး​နား​ထောင်က ထွက်တယ်ဆို​တော့​ လက်ရှိ ကျန်း​မာ​ရေး​ အ​ခြေအ​နေကို ​ပြောပြ​ပေး​ပါလား​။ “​ကောင်း​ပါတယ်။ ဒီ​နေ့​က ​လေယာဉ်​ပေါ်စမ​ရောက်ခင်ကတည်း​က အခုချိန်ထိ မြန်မာပြည်က ပြုပြင်​ပြောင်း​လဲလာ​တော့​ စတုတ္ထမဏ္ဍိုင်များ​နဲ့​ တိုး​နေ​တော့​ ​ခေါင်း​တွေလည်း​ကိုက်၊​ လည်ပင်း​တွေလည်း​နာ ဖြစ်ကုန်တာပဲ။” အခု ဒီတကြိမ် ​ထောင်က​နေထွက်တဲ့​အချိန်က အရင်ကလို စစ်အစိုး​ရ​ခေတ်မဟုတ်​တော့​ဘူး။ သမ္မတဦး​သိန်း​စိန် အုပ်ချုပ်တဲ့​ခေတ် ​ရောက်ပြီဆို​တော့​ ပိုပြီး​လွတ်လပ်ပွင့်​လင်း​လာမှာ​ပေါ့​။ “အဲဒီလိုကြီး​တော့​ ဟုတ်တယ်လို့​ မ​ပြောချင်ဘူး​။ ဘာလို့​လဲဆို​တော့​ ​ထောင်ကလွတ်တာ​လေး​တခုကိုပဲ ကြည့်​ပြီး​ ပိုပြီး​လွတ်လပ် ပိုပြီး​တော့​ ပွင့်​လင်း​လာတယ်လို့​ ​ကောက်ချက်မဆွဲနိုင်ဘူး​။ ကျ​နော်က​တော့​ သိပ်ပြီး​ထူး​ခြား​တဲ့​ ​ပြောင်း​လဲမှုကို မ​တွေ့​ရ​သေး​ဘူး​လို့​ ​ပြောချင်တယ်။” ကိုဇာဂနာတို့​ အကျဉ်း​ထောင်ထဲမှာ အရင်တုန်း​ကလိုမဟုတ်ဘဲနဲ့​ စာအုပ်စာ​ပေ​တွေ ဖတ်ခွင့်​ရတယ်၊​ ရုပ်မြင်သံကြား​တွေ ကြည့်​ခွင့်​ရ​တော့​ အပြင်​လောကမှာ ဖြစ်ထွန်း​တိုး​တက်မှု​တွေ အကုန်သိတယ်လို့​ ယူဆနိုင်လား​။ “အဲဒီလို​တော့​ ယူဆနိုင်ပါတယ်။ အထဲမှာ သတင်း​စာဖတ်ရတယ်။ ဂျာနယ်လည်း​ ဖတ်ရတယ်။ တပတ်ကို ဂျာနယ် ၁၂ ​စောင်၊​ ၁၃ ​စောင် ဖတ်ရတဲ့​အတွက် ဂျာနယ်ထဲက ဖြစ်​ပေါ်​ပြောင်း​လဲတာ​တွေ၊​ ဓာတ်ပုံ​တွေ သတင်း​တွေ ဖတ်ရတယ်။ အဲဒီအတွက်​ကြောင့်​ အို​ကေပါတယ်။ တီဗွီက​တော့​ လွတ်သာလာတယ် မကြည့်​ရပါဘူး​။” ထောင်ထဲက မထွက်လာခင်အချိန်ထိ မြန်မာပြည်နိုင်ငံ​ရေး​ တိုး​တက်မှု​တွေ အ​ပေါ်မှာ ဘယ်လိုများ​ ​ကောက်ချက်ဆွဲချင်ပါသလဲခင်ဗျ။ “မ​နေ့​က ထိ​တော့​ ​ပြောင်း​လဲမှုကို ဦး​တည်​နေတယ်လို့​ အန်တီက​ပြောတယ်​လေ။ ပြုပြင်​ပြောင်း​လဲ​နေပါပြီလို့​ သူမ​ပြောဘူး​တဲ့​။ ပြုပြင်​ပြောင်း​လဲ​နေတယ်လို့​ သူထင်တယ်လို့​ ပြုပြင်​ပြောင်း​လဲတဲ့​ လမ်း​ကြောင်း​ဘက်ကို သွား​နေတယ်လို့​ ထင်တယ်လို့​ သူက​ပြောတယ်။ မ​နေ့​ကထိ​တော့​ အဲလိုပဲယုံတယ်။ ဒီ​နေ့​မနက်​တော့​ မယုံချင်​တော့​ဘူး​။ ပြုပြင်​ပြောင်း​လဲ​နေတာ ဟုတ်မှဟုတ်ရဲ့​လား​လို့​ သံသယ ဝင်သွား​တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ​ထောင်ထဲမှာရှိတဲ့​ လူ​တွေကို ဘာ​ကြောင့်​မလွှတ်တာလဲ အဲဒါကို နား​မလည်ဘူး​။ အခုလွှတ်လိုက်တယ်ဆိုတာ မဖြစ်စ​လောက်​လေး​ လူနည်း​နည်း​လေး​ပဲ။ ဗမာပြည် ​ထောင်ထဲမှာရှိတဲ့​ လူ​တွေအကုန်လုံး​ကို လွတ်​စေချင်တယ်။ ယုတ်စွအဆုံး​ ဗိုလ်ချုပ်ခင်ညွန့်​ကိုပါ လွှတ်​ပေး​စေချင်တယ်။ ဘာလို့​လည်း​ဆို​တော့​ ဦး​သိန်း​စိန် လက်ထက်မှာ ဖမ်း​ထား​တဲ့​လူ​တွေမဟုတ်ဘူး​။ ဦး​သိန်း​စိန်လက်ထက်မှာ ပြစ်ဒဏ်ချမှတ်ခံထား​ရတဲ့​သူ​တွေလည်း​မဟုတ်ဘူး​။ တပ်မ​တော်​ထောက်လှမ်း​ရေး​ကလူ​တွေ​ရော အ​ကောက်ခွန်ကလူ​တွေ​ရော အကုန်လုံး​လွှတ်​ပေး​လိုက်ပါ။ တိုင်း​ပြည်ကို ပြန်ပြီး​တော့​ အမျိုး​သား​ရင်ကြား​စေ့​ရေး​ကို လိုချင်တယ်ဆိုရင် ဒီလူ​တွေကို ဘာလို့​ ဒီ​လောက်ထိ ထား​မှာလဲ။ ဘာလို့​ တို့​တိတို့​တိ လုပ်​နေမှာလည်း​။ ဒီ​ပေါ်မှာမူတည်ပြီး​တော့​ ​ပြောင်း​လဲမှုဖြစ်တယ်ဆိုတာကို ယုံကြည်ဖို့​ အလွန်ခက်သွား​ပါတယ်။ ကျ​နော့်​ကို လွှတ်​ပေး​တဲ့​အတွက် ​ပြောင်း​လဲသွား​ပါပြီလို့​ မ​ပြောပြနိုင်ဘူး​။” ဒီဟာနဲ့​ပတ်သက်ပြီး​တော့​ လွှတ်​တော်​တွေမှာလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေလည်း​ လွှတ်​ပေး​ဖို့​ဆိုတဲ့​နေရာမှာ ဝန်ကြီး​တ​ယောက်က​နေ အား​လုံး​လွှတ်လိုက်ရင် တည်ငြိမ်မှုအတွက်ကို ဘယ်သူက အာမခံမလဲဆိုပြီး​တော့​ ပြန်လည်​မေး​ခွန်း​ထုတ်ပါတယ်။ အဲဒီအစိုး​ရ ဝန်ကြီး​ရဲ့​ စိုး​ရိမ်ပူပန်မှုက တကယ်​ရော မဖြစ်နိုင်ဘူး​လား​။ ကိုဇာဂနာတို့​ရော ဘယ်လိုမြင်ပါလဲ။ “အဲလိုဆိုရင် ကျ​နော်ကလည်း​ ပြန်​ပြောစရာ စကား​ရှိပါတယ်။ အဲဒါနဲ့​ပတ်သက်ပြီး​တော့​ ​ပြောကြမယ်ဆိုရင် ကျ​နော် သမ္မတကြီး​ ဦး​သိန်း​စိန်ဆီမှာ ဇာဂနာရဲ့​ အသက်ကို အ​ပေါင်ထား​ပါမယ်။ အဲဒီလူ​တွေလွှတ်လိုက်လို့​ တိုင်း​ပြည်မှာ ဆူဆူပူပူ ဖြစ်မယ်ဆိုရင် ကျ​နော့်​ကို အရင်သတ်လိုက်ပါ။ ကျ​နော့်​ဘက်က ပြန်စိန်​ခေါ်တာပဲ။ ​ကြေး​ထပ်မယ်ဆိုရင် အပြတ်ထပ်၊​ အသက်ကို ထပ်တယ်။” ဒီတ​ခေါက်ပြန်လည်လွတ်​မြောက်လာချိန်မှာ အရင်ကလို မဟုတ်ဘဲနဲ့​ သမ္မတ​ခေတ်၊​ ဒီမိုက​ရေစီအစိုး​ရဆိုတာကို သူတို့​အစိုး​ရက ​ကြေညာ​နေတယ်။ အဲဒီအခါမှာ ပြည်ပမှာရှိတဲ့​ အယူအဆ မတူသူ​တွေလည်း​ ပြန်လာမယ်ဆိုရင် လာခွင့်​ပြုတယ်ဆိုပြီး​ ကမ်း​လှမ်း​နေတဲ့​အချိန်နဲ့​ကြုံ​တော့​ ပြည်ပမှာရှိတဲ့​မြန်မာပြည်သား​တွေကို ကိုဇာဂနာအ​နေနဲ့​ ဘယ်လိုအမြင်ရှိလဲ။ ချက်ချင်း​ပြန်လာသင့်​လား​။ ဘယ်လိုသုံး​သပ်လဲ။ “တခွန်း​တည်း​ပဲ တိုတို​လေး​ပြောရမယ်ဆိုရင် ​စောင့်​ကြည့်​ကြပါဦး​လို့​ ​ပြောချင်တယ်။” အပြင်​လောကမှာ နိုင်ငံ​ရေး​ဖြစ်စဉ်​တွေမှာ ဘယ်လိုမျိုး​ ပါဝင်မယ်လို့​ ပြင်ဆင်ထား​ပါသလဲ။ “ကျ​နော့်​ရဲ့​ စိတ်ကူး​ပေါ့​။ အသက်အရွယ်ကလည်း​ ရလာ​တော့​ လူငယ်​တွေရဲ့​ လက်ထဲကို ဒီနိုင်ငံ​ရေး​နဲ့​ ပတ်သက်တဲ့​ နား​လည်တဲ့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ ကျွမ်း​ကျင်တဲ့​ လူငယ်​တွေ အ​မြောက်အမြား​ ​ပေါ်ထွန်း​လာဖို့​အတွက် အဓိက ပညာ​ရေး​ပိုင်း​ကို အား​ပေး​ပြီး​တော့​ အဲဒီဘက်မှာ ကိုယ်စွမ်း​ ဥာဏ်စွမ်း​ရှိသမျှ ဝင်လုပ်​ပေး​ချင်တယ်။ လူငယ်​တွေကို အဓိက ပြုစုပျိုး​ထောင်​ပေး​ချင်တယ်။ ဒါပါပဲ။” ကိုဇာဂနာက​နေ မြစ်ဆုံ​ရေကာတာ စီမံကိန်း​နဲ့​ ပတ်သက်လို့​ ဘယ်လိုအမြင်ရှိပါသလဲ။ “အခုလည်း​ ပြီး​သွား​ပြီပဲ။ အခုချိန်မှာ​တော့​ မ​ဝေဖန်ချင်​တော့​ဘူး​။ လုပ်သင့်​လုပ်ထိုက်တဲ့​လူ​တွေလည်း​ လုပ်ပြီး​ပြီ။ ကျ​နော်တို့​လည်း​ နား​လည်မတတ်ကျွမ်း​ပါဘူး​။ သို့​သော် ဆန္ဒ​လေး​တခုအ​နေနဲ့​ပဲ လုပ်​ပေး​ခဲ့​တာ။ အဲ​တော့​ လုပ်ကြတဲ့​သူ​တွေအတွက်လည်း​ ဝမ်း​သာပါတယ်။” ကိုဇာဂနာ​ရေ အခု ဒီသမ္မတကြီး​ရဲ့​ ကမ်း​လှမ်း​ချက်အရဆိုရင် ကိုဇာဂနာရဲ့​ တပည့်​တွေကိုလည်း​ ​ပြောလို့​ရပါတယ်။ သီး​လေး​သီး​ သီး​ညီ​နောင်​တွေက တချို့​က ဗမာပြည်ကို ပြန်သွား​တယ်။ တချို့​က​တော့​ ကျန်​နေခဲ့​တယ်။ အဲ​တော့​ ဘယ်လိုမျိုး​ တပည့်​လက်သား​တွေအ​ပေါ်မှာ ဇာတ်နဲ့​ပတ်သက်လို့​ ဘယ်လိုများ​ ဆက်လက်​ဆောင်ရွက်ပါမလဲ။ “အသီး​နှစ်သီး​ရော ​ဂေါ်ပြား​ရော ရှိတယ်။ ၂ သီး​လုံး​က ပုပ်​နေ​တော့​ ​ဂေါ်ပြား​ကော်တာ​ပေါ့​။ ဒီသ​ဘောပါပဲ။ ကျ​နော် သူတို့​နဲ့​လည်း​ မ​ဆွေး​နွေး​ရ​သေး​ဘူး​။ တခြား​လူ​တွေနဲ့​သာ စကား​ပြော​နေရတာ။ သူတို့​ကိုလည်း​ ပွင့်​ပွင့်​လင်း​လင်း​ ​မေး​စရာရှိတာ​မေး​ရဦး​မယ်။ ကျ​နော်မကြိုက်ဆုံး​စကား​က သူတို့​ရဲ့​ အင်တာဗျူး​ထဲမှာပါတဲ့​ ပြည်ပမှာရှိတဲ့​ နိုင်ငံ​ရေး​သမား​တွေနဲ့​ ပတ်သက်ပြီး​တော့​ သူတို့​ပြောတဲ့​စကား​ကို ကျ​နော် မကြိုက်ဆုံး​ပဲ။ အဲဒါနဲ့​ပတ်သက်ပြီး​တော့​ သူတို့​ကို ပွင့်​ပွင့်​လင်း​လင်း​ ​မေး​ရမယ်။ ကျ​နော့်​စိတ်ထဲမှာ မ​ကျေနပ်ရင်လည်း​ သူတို့​ကို အ​မွေဖြတ်ဖို့​ ဝန်မ​လေး​ပါဘူး​။” ထူး​ထူး​ခြား​ခြား​ ဘာများ​ပြောစရာရှိပါသလဲ။ “ဘာ​တွေလုပ်ကြမလဲ၊​ ဘာ​တွေကိုင်ကြမလဲဆိုတာ တချက်​လောက်​တော့​ ​စောင့်​ကြည့်​ပါဦး​လို့​ ဒီလိုပဲ​ပြောချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024