ယာဉ်မောင်းအိပ်ငိုက်၍ ကညွတ်ကွင်း၌ ကုန်တင်ယာဉ် တိမ်းမှောက်

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့မြောက်ဘက် ရန်ကုန်- မန္တလေး လမ်းဟောင်း ပေါ်မှာ ၂၂ ဘီးတွဲကားတစီး ဒီမနက်စောစောပိုင်းက တိမ်းမှောက်ခဲ့ပါတယ်။ ရန်ကုန်ဘက်ကနေ မန္တလးကို မြေသြဇာအိတ်တွေ တင်ဆောင်လာတဲ့ နောက်တွဲ ယာဉ်ဟာ ယာဉ်မောင်း ထွန်းထွန်းနိုင် အိပ်ငိုက်ရာက လမ်းဘေးကို ထိုးကျတိမ်းမှောက်တာလို့  ရဲမှတ်တမ်းအရ သိရပါတယ်။ ရပ်ကွက်နေသူတဦးက “မနက် ၄ နာရီဝန်းကျင်ပဲ ဝုန်းဝုန်းဆိုတဲ့ အသံကြီး ကြားရတော့ ထွက်ကြည့်တယ်။ အဲဒီတော့ ကားက လမ်းပေါ်မှာ ပလက်ကြီးဖြစ်နေပြီ။ ဟိုဘက်ထဲက လမ်းဘေးကို ငိုက်ပြီး ဆွဲချလာတာ ဖြစ်မယ်”လို့ ပြောပါတယ်။ ယာဉ်တိမ်းမှောက်မှုအတွက် ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက် နေပါတယ်။ သတင်း၊ ဓာတ်ပုံ - ကျော်အောင် (ကညွတ်ကွင်း)  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up