DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံ မဖြစ်မနေ ကျင်းပမည်ဟု ညီလာခံပြင်ဆင်ရေးကော်မတီပြော
DVB
·
August 14, 2016
၂၁ ရာစုပင်လုံ မဖြစ်မနေ ကျင်းပမည်ဟု ညီလာခံပြင်ဆင်ရေးကော်မတီပြော
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဝေဖန်မှုတွေရှိနေပေမယ့် ၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လကုန်မှာ မဖြစ်မနေကျင်းပသွားမယ်လို့ ညီလာခံပြင်ဆင်ရေးကော်မတီက ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၂၁ရာစုပင်လုံညီလာခံကို သြဂုတ်လ ၃၁ရက်နေ့မှာ ကျင်းပဖို့ လမ်းညွှန်ထားတာပါ။

အဲဒီလမ်းညွှန်ချက်အတိုင်း ညီလာခံကို ဖြစ်အောင်ကျင်းပသွားမှာဖြစ်ပြီး အစိုးရအနေနဲ့ အားလုံးပါဝင်ရေးမူကို ဆက်လက်စွဲကိုင်ထားတယ်လို့ ညီလာခံအကြိုပြင်ဆင်ရေးကော်မတီပြောရေးဆိုခွင့်ရှိသူ ဦးလှမောင်ရွှေက သြဂုတ်လ ၁၃ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး တတိယနေ့မှာပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်လိုက်တဲ့ရက်ဟာ အချိန်တိုလွန်းတဲ့အတွက် အားလုံးပါဝင်နိုင်ဖို့ ခက်ခဲတယ်လို့ပြောကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ (၂၁)ရာစု ပင်လုံညီလာခံ ပူးတွဲကျင်းပရေး ကော်မတီမှာ  ပါဝင်လိုတဲ့အကြောင်း ဆွေးနွေးပွဲမှာတင်ပြခဲ့တယ်လို့    တနိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြောခွင့်ရသူ  ခူဦးရယ်က ပြောပါတယ်။

''အဓိကအားဖြင့်တော့ ကျွန်တော်တို့ DPN အနေနဲ့ အခုသြဂုတ် ၃၁ ရက်မှာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံမှာ ဘယ်လို ပါဝင်ရမလဲ။ ပါဝင်တဲ့ နည်းလမ်းကို ဆွေးနွေးခဲ့ကြပါတယ်။ ဥပမာ ပူးတွဲ ကျင်းပ ရေး ကော်မတီ လိုဖွဲ့စည်းမလား၊ အဲဒီလို ကော်မတီထဲမှာ ပါခွင့်ရတယ်ဆိုရင် အခု ကျင်းပမယ့် ညီလာခံဟာ အားလုံး အတူတကွပါဝင်တဲ့ ညီလာခံဖြစ်လာမှာပါ။ အဲဒီ အခါကျရင် အားလုံးသာတူညီမျှ ပါဝင်ခွင့်ရမယ်၊ ပြောခွင့်ရမယ်၊ ဆွေးနွေးခွင့်ရမယ် ဆိုရင် ရလဒ်ကောင်းတွေ ပိုထွက်လာမယ်လို့ မျှော်လင့်ပါတယ်''

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံး ၂၁ ရာစုပင်လုံညီလာခံမှာ ပါဝင်နိုင်မယ် မပါဝင်နိုင်ဘူးဆိုတာကို သြဂုတ် ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာပြုလုပ်မယ့် UPDJC တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေရဲ့အစည်းအဝေးပြီးမှာ အတည်ပြုနိုင်မယ်လို့ ဦးခူဦးရယ်က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013