တိုက်စစ်အသားပေး ကစားမည်မဟုတ်ဟု မန်ယူနည်းပြပြော

Football Soccer - Chelsea v FC Porto - UEFA Champions League Group Stage - Group G - Stamford Bridge, London, England - 9/12/15
Chelsea manager Jose Mourinho
Reuters / Eddie Keogh
Livepic
829
အင်္ဂလန်ပရီးမီးယားလိဂ် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အမြဲတမ်း တိုက်စစ်ကို အသားပေးကစားမှာ မဟုတ်ဘူးလို့ နည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။
ဒါဟာ ကလပ်အသင်းရဲ့စတိုင်ကို ပြောင်းလဲသွားတယ်လို့ မထင်သလို မန်ယူအောင်မြင်ဖို့ အတွက် ဘာမဆို လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောပါတယ်။
၂၀၀၄ ခုနှစ် အင်္ဂလန်ကို လာပြီးကတည်းက တိုက်စစ်ကို အသားပေးမကစားတဲ့ မန်ယူရဲ့အောင်ပွဲတွေကို မြင်တွေ့ဖူးသလို မန်ယူနဲ့ ရင်ဆိုင်ရာမှာလည်း ခံစစ်ကို အသားပေးကစားတဲ့ အသင်းဆိုတာ သိတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။
မန်ယူနည်းပြသစ်မော်ရင်ဟိုဟာ သြဂုတ် ၁၄ ရက်မှာတော့ ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးပွဲကို ကစားရမှာ ဖြစ်ပါတယ်။
မန်စီးတီးနည်းပြသစ် ဂွါဒီယိုလာကလည်း ကောင်းမွန်တဲ့ ရလဒ်တွေရဖို့အတွက် သူရဲ့ နည်းစနစ် စတိုင်ကို စွန့်လွတ်မှာမဟုတ်ဘူးလို့ အစောပိုင်းက ပြောဆိုထားပါတယ်။