A d v e r t i s e m e n t With Us

နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​များ​က နိုင်ငံ​ရေး​ခေါင်း​ဆောင်များ​ကို ကန်​တော့

နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေက လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်၊​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဒုတိယဥက္ကဌ ဦး​တင်ဦး​နဲ့​ ပါတီဗဟိုအလုပ်အမှု​ဆောင် ​ကော် မတီဝင် ဦး​ဝင်း​တင်တို့​ကို ဒီ​နေ့​ သီတင်း​ကျွတ်လပြည့်​နေ့​ အဘိဓမ္မာအခါ​တော်​နေ့​မှာ ဂါရဝပြု ကန်​တော့​ကြမယ်လို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုတိုး​ကျော်လှိုင်က ​ပြောပါ တယ်။ ဒီပုဂ္ဂိုလ် ၃ ဦး​ရဲ့​ နိုင်ငံ​ရေး​ဦး​ဆောင်မှုဟာ အငြင်း​ပွား​စရာမရှိတဲ့​အတွက် သီတင်း​ ကျွတ်လပြည့်​နေ့​မှာ မြန်မာ့​ဓ​လေ့​ထုံး​စံအရ ကန်​တော့​ကြတာပါလို့​လည်း​ ​ပြောပါတယ်။ ဒီကန်​တော့​ပွဲကို ရန်ကုန် ​ရွှေဂုံတိုင်က ​တော်ဝင်နှင်း​ဆီခြံမှာ ဒီမနက် ၁၀ နာရီမှာ စတင်မှာ ဖြစ်ပြီး​ စိတ်ဝင်စား​သူတိုင်း​ တက်​ရောက်နိုင်တယ်လို့​ သိရပါတယ်။ ဒီပွဲကို ဦး​ဆောင်စီစဉ်တဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေဟာ စစ်အစိုး​ရလက်ထက်မှာ နှစ်ရှည်​ထောင်ဒဏ်​တွေ ကျခံ ခဲ့​ရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ​ဟောင်း​တွေဖြစ်ပါတယ်။ ကန်​တော့​မယ့်​သူ​တွေက နိုင်ငံ​ရေး​ အကျဉ်း​သား​ဟောင်း​များ​လို့​ နာမည်ခံယူရတာကလည်း​ မြန်မာနိုင်ငံမှာ နိုင်ငံ​ရေး​အကျဉ်း​ သား​ လွတ်​မြောက်ဖို့​ လို​နေတာကို အသိ​ပေး​၊​ သတိ​ပေး​ဖို့​ ရည်ရွယ်ပြီး​ ဒီ​နေ့​ကန်​တော့​ပွဲကို နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ အား​လုံး​ လွတ်လွတ်လပ်လပ် တက်​ရောက်နိုင်ဖို့​ ရည်ရွယ် တယ်လို့​ လည်း​ ကန်​တော့​ပွဲစီစဉ်သူက ရှင်း​ပြသွား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up