A d v e r t i s e m e n t With Us

၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုသည့်အနေဖြင့် ငြိမ်းချမ်းရေးကာတွန်းပြပွဲ ပြုလုပ် (ဓာတ်ပုံ)

မကြာခင် ကျင်းပတော့မယ့် ၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုတဲ့အနေနဲ့ ငြိမ်းချမ်းရေးကာတွန်းပြပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ သြဂုတ် ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၃ ရက်တာ ခင်းကျင်းပြသနေပါတယ်။ ကာတွန်းဆရာတယောက်ကို နှစ်ပုံစီနဲ့ တနိုင်ငံလုံးက ကာတွန်းဆရာ ၁၀၀ ကျော်ရဲ့ ကာတွန်းပုံ ၂၀၀ ကျော်ကို အများပြည်သူ ကြည့်ရှုနိုင်ဖို့ ပြသထားတာပါ။ ဒီပြပွဲမှာ ပြသထားတဲ့ ကာတွန်းတွေကိုတော့ ကာတွန်းဆရာတွေနဲ့ ဖွဲ့စည်းထားတဲ့ ပွဲဖြစ်မြောက်ရေးအဖွဲ့က စိစစ်ပြီးမှ ပြသထားတာဖြစ်ပါတယ်။ ဒီလို စီစစ်ရတာဟာ ငြိမ်းချမ်းရေးနဲ့ သွေဖည်ဆန့်ကျင်တဲ့ ကာတွန်းတွေ၊ တိုင်းရင်းသား လူမျိုးစုတွေကြား ဆက်ဆံရေး ထိခိုက်နိုင်တဲ့ ကာတွန်းတွေ ပါလာမှာစိုးရိမ်တဲ့အတွက် အခုလို စီစစ်ရွေးချယ် ပြသရတာလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ဒီကာတွန်းပြပွဲဟာ လူစည်ကားတဲ့ မြို့တော်ခန်းမရှေ့မှာ ပြသခွင့်ရတဲ့ ပထမဆုံး ကာတွန်းပြပွဲဖြစ်သလို တခြားနယ်မြို့တွေမှာလည်း ငြိမ်းချမ်းရေးကာတွန်းပြပွဲကို လှည့်လည်ပြသသွားဖို့ အစီအစဉ် ရှိနေပါတယ်။ Photos from Mr Photo

A d v e r t i s e m e n t With Us

More News
Up