ကရင်အာဇာနည်နေ့ အခမ်းအနား ဟင်္သာတတွင် ပထဆုံးအကြိမ်ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် တားငါးဆယ်တောင်ရပ်ကွက် ကရင်ကျောင်းလမ်းမှာ ရှိတဲ့ ကရင်ပြည်သူ့ပါတီ(KPP)ရုံးခန်းရှေ့မှာ ၆၆ ကြိမ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ဒီနေ့ မနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခုပြုလုပ်တဲ့ပွဲဟာ ဟင်္သာတမြို့နယ်မှာ ပထမဦးဆုံးအကြိမ်အဖြစ်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပညာရည်ချွန်ဆုပေးပွဲကိုလည်း ပူးတွဲပြုလုပ်ခဲ့ပါတယ်။ စောဘဦးကြီးကို လွမ်းဆွတ်သတိရတဲ့အနေနဲ့ အခုလိုပြုလုပ်ခဲ့ကြတာဖြစ်ပြီး အရင်နှစ်တွေမှာ ကရင်အာဇာနည်နေ့ကို တခြားမြို့တွေမှာ သွားရောက်ကျင်းပခဲ့ကြပါတယ်။ ၆၆ ကြိမ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားကို ကရင်လူမျိုး ၃၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ - ကိုကြက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up