DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမား​ ​သောင်း​ချီရှိသည့်​ နခွန်စဝမ်မြို့​ ​ရေဖုံး​လွှမ်း
DVB
·
October 11, 2011
မြန်မာအလုပ်သမား​ ​သောင်း​ချီရှိသည့်​ နခွန်စဝမ်မြို့​ ​ရေဖုံး​လွှမ်း
Donate to DVB

ထိုင်း​နိုင်ငံ အယုဒ္ဒယမြို့​ ​မြောက်ဘက်က မြန်မာအလုပ်သမား​ ​သောင်း​ချီ အလုပ်လုပ်ကိုင်​နေတဲ့​ နခွန်စဝမ် တမြို့​လုံး​ ​ရေဖုံး​လွှမ်း​နေပါတယ်။

Living Water Center(LWC) ​ခေါ် မြန်မာအလုပ်သမား​ပညာ​ပေး​အဖွဲ့​က တာဝန်ခံဆရာမ ​ဒေါ်တုလူက မြန်မာအလုပ်သမား​ရေ​ဘေး​ ဒုက္ခသည်​တွေရဲ့​အ​ခြေအ​နေကို ခုလို ​ပြောပါတယ်။

“န​ခွန်စဝမ်တဝိုက်မှာ မြန်မာအလုပ်သမား​ ၃ ​သောင်း​ကျော်ရှိတယ်။ ဒုက္ခဖြစ်​နေတဲ့​အလုပ်သမား​အမျိုး​အစား​က​တော့​ ​ရေသန့်​စက်ရုံနဲ့​ရေသန့်​ဘူး​စက်ရုံ၊​ ကား​ဝပ်​ရှော့​၊​ ​ဈေး​ဆိုင်မှာ​ဈေး​ရောင်း​ရတဲ့​ အလုပ်သမား​တွေ၊​ ​ဆောက်လုပ်​ရေး​အလုပ်သမား​၊​ စိုက်ပျိုး​ရေး​လုပ်သား​၊​ စက်ရုံ​တွေရယ်၊​ အိမ်အကူလုပ်ကိုင်သူ​တွေရယ် သူတို့​တွေ အ​တော်​လေး​ဒုက္ခဖြစ်တယ်။ ​ရေတက်လာ​တော့​ သူတို့​ရဲ့​ အလုပ်ရှင်က ပစ္စည်း​တွေကို အိမ်​ပေါ်တင်တယ်။ သူတို့​က အိမ်​ပေါ်ထပ်မှာ​နေ​တော့​ အကုန်လုံး​ဖယ်​ပေး​ရတယ်​လေ တချို့​က ​ဆွေမျိုး​အိမ်၊​ တချို့​ကလည်း​ အ​ရေး​ပေါ်​နေရာ​တွေမှာ သွား​ပြီး​တော့​ ​နေရတယ်။ ​နောက်တချို့​လည်း​ ခရစ်ယာန်ဘုရား​ကျောင်း​တွေမှာ​နေတယ်။ ဘုရား​ကျောင်း​မှာလည်း​ ​ရေမလာတာ ၂ ရက်ရှိပြီ။ ​သောက်​ရေအတွက် အရမ်း​ခက်ခဲ​နေတယ်။"

သူတို့​အဖွဲ့​ဟာ မြန်မာအလုပ်သမား​တွေအတွက် ​ဆေး​ဝါး​အကူအညီ​တွေ ဝယ်ထား​ပေမယ့်​ ကုန်း​လမ်း​အဆက်အသွယ်မှန်သမျှ ပြတ်​တောက်​နေဆဲဖြစ်လို့​ သွား​ရောက် မကူညီနိုင်​သေး​ဘဲဖြစ်​နေပါတယ်။

ဒါ့​အပြင် မြန်မာနိုင်ငံသား​ သိန်း​နဲ့​ချီ အလုပ်လုပ်ကိုင်​နေတဲ့​ ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​မှာလည်း​ ​ရေစတင် တက်​နေပါတယ်။

ထိုင်း​နိုင်ငံ ​မြောက်ပိုင်း​က ​ရေထုဟာ ဘန်​ကောက်မြို့​ကို ​အောက်တိုဘာလ ၁၆ ရက်က​နေ ၁၈ အကြား​မှာ ဝင်​ရောက်လာမယ်လို့​ထိုင်း​အစိုး​ရက ခန့်​မှန်း​ထား​ပြီး​ ယခုအချိန်အထိလည်း​ မိုး​အဆက်မပြတ် ရွာသွန်း​နေပါတယ်။

ဘန်​ကောက်မြို့​ကို ဖြတ်သန်း​စီး​ဆင်း​တဲ့​ ​ကျောက်ဖရား​မြစ်ကမ်း​တ​လျှောက်ကို အမြင့်​ ၂ မီတာခွဲရှိတဲ့​ အုတ်နံရံ​တွေနဲ့​ ကာကွယ်ထား​ရာမှာ ၂မီတာ နီး​ပါး​လောက် ​ရေမြင့်​တက်လာ​နေတယ်လို့​ ဘန်​ကောက်မြို့​တော် အုပ်ချုပ်​ရေး​ဌာနက ​အောက်တိုဘာ ၁၁ ရက်​နေ့​က သတင်း​ထုတ်ပြန်ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013