Monday, May 29, 2023
ဒီ​ကေဘီ​အေနှင့်​ အစိုး​ရတပ် တိုက်ပွဲဖြစ်
တိုး​တက်​သော ဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေတပ်ဖွဲ့​) က ကရင်ပြည်နယ်အတွင်း​က အစိုး​ရစစ်​ကြောင်း​တခုကို ချုံခိုတိုက်ခိုက်ခဲ့​ပါတယ်။
ကော့​ကရိတ်​မြောက်ဘက်ခြမ်း​က ​ဝေါ်​လေ​ဒေသ နိုဖိုး​ကလိုး​ရွာ​တွေအနီး​မှာ အစိုး​ရတပ် ခလရ ၂၀၃၊​ ၂၀၄၊​ ၃၁၀ က စစ်​ကြောင်း​ချီလာတာကို မ​နေ့​ ​နေ့​ခင်း​က ​ပြောက်ကျား​ပစ်ခတ်ခဲ့​တယ်လို့​ ဒီ​ကေဘီ​အေ​ပြောခွင့်​ရသူ ဗိုလ်မှူး​စန်း​အောင်က ​ပြောပါတယ်။
“​ကော့​ကရိတ် ​မြောက်ဖက်ခြမ်း​မှာ နို့​ဖိုး​ကလိုး​ ​ကျေး​ရွာ​ပေါ့​။ ဗမာလိုဆို ​ဇော်ဟဲဘုန်း​ကြီး​ကျောင်း​နား​မှာ ဖြစ်တယ်။ ပစ်ခတ်မှုက မနက် ၂ နာရီ ၆ မိနစ်က​နေ မွန်း​လွဲ ၁နာရီ ​လောက်ထိ ဖြစ်တယ်။ အ​သေအ​ပျောက်သတင်း​က ပထမမရဘူး​။ ​နောက်​တော့​ အစိုး​ရဘက်က ​လေး​ယောက်​သေပြီး​ နှစ်​ယောက် ဒဏ်ရာရတယ်။”
တာ့​အိုး​ထရွာထဲကို အစိုး​ရတပ်က ဝင်​ရောက်ခဲ့​ပြီး​ ရွာသား​ပိုင်ပစ္စည်း​တွေကို အဓမ္မယူခဲ့​တယ်လို့​ ဗိုလ်မှူး​စန်း​အောင် ​ပြောပါတယ်။
“မ​နေ့​က တာ့​အိုး​ထမှာ ရန်သူက မနက် ၉ နာရီ​လောက်မှာ ​ရောက်သွား​တော့​ ပစ်ခတ်မှုအ​နေအထား​တော့​ မဖြစ်ဘူး​။ ရွာထဲမှာကျ​တော့​ ပစ်မိန့်​မ​ပေး​ဘူး​။ တချို့​ရောက်တဲ့​ စစ်​ကြောင်း​တွေက ရွာထဲက ဘုန်း​ကြီး​ကျောင်း​မှာ ရွာသား​တွေကို ​ခေါ်စုရုံး​ပြီး​တော့​ သူများ​အိမ်က ပစ္စည်း​တွေ ​တော်​တော်​လေး​ ယူတယ်လို့​ ရွာသား​တွေက ​ပြောတယ်။”
အစိုး​ရတပ်​တွေရဲ့​ အခုလို ထိုး​စစ်အသွင်စစ်ချီမှုဟာ ​ဝေါ်​လေ​ဒေသကို ထိန်း​ထား​နိုင်တယ်လို့​ အထက်ကို အစီရင်ခံချင်လို့​ ဖြစ်နိုင်​ကြောင်း​ ဗိုလ်မှူး​စန်း​အောင်က သုံး​သပ်ပါတယ်။
တိုက်ပွဲ​ကြောင့်​ ရွာသား​တွေ ရွာပြင်ကို​ခေတ္တ ​ရှောင်တိမ်း​သွား​ကြတယ်လို့​ ဆိုပါတယ်။
အစိုး​ရသစ်လက်ထက်မှာ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​အစည်း​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ သမ္မတဦး​သိန်း​စိန်က ဩဂုတ်လလယ်ပိုင်း​မှာ ညွန်ကြား​ အ​ကောင်အထည်​ဖော်​နေ​ပေမယ့်​ နယ်စပ်​တွေမှာ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေနဲ့​ တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား​နေပါတယ်။
RELATED ARTICLES
- Advertisment -
Google search engine
Most Popular