Home
မြန်မာသတင်း
ကရင့်အာဇာနည်နေ့ ရန်ကုန်အပါအ၀င် နေရာတော်တော်များများတွင် ကျင်းပ
နော်နိုရင်း
·
August 12, 2016
ဒီကနေ့ကျရောက်တဲ့ ၆၆ နှစ်ပြည့် ကရင့်အာဇာနည်နေ့အထိမ်းအမှတ် ရန်ကုန်အပါအ၀င် ကရင်ပြည်နယ်က နေရာတော်တော်များများမှာ ကျင်းပနေကြပါတယ်။ ရန်ကုန်မြို့ လှည်းတန်းက ယုဒသန်ခန်းမမှာ မနက် ၁၀ နာရီကနေ ၃ နာရီအတွင်း အထိန်းအမှတ်ပွဲတွေ ကျင်းပနေကြသလို ကရင်ပြည်နယ်အတွင်း ကေအန်ယူ ထိန်းချုပ်နယ်မြေ မှာလည်း အထိမ်းအမှတ်အခန်းအနားတွေကျင်းပကြပါတယ်။ ဒီကနေ့ဟာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်တကွ မျိုးချစ်ခေါင်းဆောင် ရဲဘော်တွေ ကျဆုံးတဲ့ ၆၆ နှစ်ပြည့် ကရင့်အာဇာနည်နေ့ဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးရဲ့ ၆၆ နှစ်မြောက်အာဇာနည်နေ့ မိန့်ခွန်းမှာ “ယနေ့အချိန်အထိ မိမိတို့ကရင်အမျိုးသားများနှင့် တိုင်းရင်းသားများအနေဖြင့် ဥပေဒနှင်အညီ လွတ်လပ်မှု၊ အမျိုးသားတန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀မရှိကြသေး ဘူးကြောင်းနဲ့ ဒီအခွင့်အရေးတွေဟာ နိုင်ငံရေး လုပ်ငန်းစဉ်များအရ ဖွဲ့စည်းပုံအခြေခံဥပေဒေမှ အတိအလင်းပြဌာန်းသတ်မှတ်ထားဖို့လိုအပ်ကြောင်း” ဖော်ပြထားပါတယ်။ ဒါ့အပြင့် ကေအန်ယူအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ အချိန်မှာ အကြောင်း အမျိုးမျိုးကြောင့် ကရင်အမျိုးသားများအနေနဲ့ မိမိတို့နှင့်အတူတကွ ပါဝင်ဆင်နွှဲကြဖို့ အခွင့်အခါမပေးခဲ့သော်လည်း နိုင်ငံရေးနည်းလမ်းအရ ကြိုးပမ်းအားထုတ်လျှက်ရှိတဲ့အခါမှာ ကရင်အမျိုးသားတွေအနေနဲ့ မိမိတို့ရဲ့ နေရာဒေသနှင့် မိမိတို့ရဲ့ ကျရာအခန်းကဏ္ဍအသီးသီးမှာ ပူးပေါင်းပါဝင်နိုင်ကြောင်းတိုက်တွန်း ပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024