A d v e r t i s e m e n t With Us

လမ်း​တံတား​ကြေး​ တိုး​ကောက်မှု​ကြောင့်​ ကုန်​ဈေး​နှုန်း​တက်နိုင်

လမ်း​တံတား​ကြေး​တွေ ၁၀ ဆခန့်​ တိုး​မြှင့်​ကောက်ခံ​နေတဲ့​အတွက် ကား​ခတက်ပြီး​ ပြည်သူ​တွေ ကုန်​ဈေး​နှုန်း​ မြင့်​တက်တဲ့​ အ​ခြေအ​နေ ရင်ဆိုင်ရနိုင်တယ်လို့​ မန္တ​လေး​မြို့​မှာ ကား​ပြေး​ဆွဲသူ​တွေက ​ပြောပါတယ်။ မန္တ​လေး​ သီရိမန္တလာ ကား​ကွင်း​က​နေ ကချင်ပြည်နယ် ​ရွှေကူမြို့​ကို ​ပြေး​ဆွဲ​နေတဲ့​ ကား​တွေကို လမ်း​မှာရှိတဲ့​ လမ်း​တံတား​ဂိတ်​တွေက တိုး​ကောက်​နေတယ်လို့​ ကား​သမား​တဦး​က ​ပြောပါတယ်။ “အရင်က တဂိတ်ပိုရင် ၂၀၀ ​ပေး​ရပါတယ် အခုဆို ၂၂၀၀ ​တောင်း​တယ်။ အဲ့​တော့​ ထိုက်သင့်​သ​လောက် အမြတ်မကျန်​တော့​ဘူး​။ သွား​ရတဲ့​ လမ်း​ကြောက ​တောင်သူလယ်သမား​၊​ အ​ခြေခံလူတန်း​စား​တွေ အဓိက သွား​တယ်။ တင်ရတဲ့​ ကုန်ပစ္စည်း​တွေက ဆန်အိတ်၊​ ကြက်သွန်၊​ ဆီပုံး​နဲ့​ စား​သောက်ကုန်ပစ္စည်း​တွေ ပါတယ်။ ကျ​နော်တို့​ အဲ့​ဂိတ်​တွေ​ရောက်​တော့​ သူတို့​က ကုန်မတင်ရဘူး​ လူပဲစီး​ရမယ်လို့​ပြောတယ်။ ကုန်မတင်ရရင် ကျ​နော်တို့​ကလည်း​ ဒီလမ်း​တွေကို သွား​လို့​မရဘူး​လေ။ အဲ့​တော့​ သူတို့​ကလည်း​ ဒဏ်​ငွေရိုက်၊​ ဒဏ်​ကြေး​တွေ ​တောင်း​တော့​ စကား​များ​ရတာ​တွေလည်း​ ဖြစ်တယ်။” အခုလို လမ်း​တံတား​ကြေး​တွေ ​ကောက်ခံရာမှာ အာဆီယံစံချိန်စံညွန်း​နဲ့​ အညီ ​ကောက်တာလို့​ဆိုတဲ့​အတွက် ကား​ပြေး​ဆွဲသူအ​နေနဲ့​ မကိုက်​တော့​တာ​ကြောင့်​ ကား​ခကို မြှင့်​တင်ရမယ့်​ အ​နေအထား​ဖြစ်​နေပါတယ်။ ကား​ခ​တွေမြင့်​တက်သွား​ရင် ပြည်သူ​တွေအ​နေနဲ့​ ကုန်​ဈေး​နှုန်း​တွေ မြင့်​တက်တဲ့​ အ​ခြေအ​နေ​တွေ ဖြစ်လာနိုင်တယ် လို့​ ရတနာပုံကား​အသင်း​ရဲ့​ ကား​ပိုင်ရှင်တဦး​က ​ပြောပါတယ်။ “လမ်း​တံတား​ကြေး​တွေက ဆယ်ဆ​လောက် ​ကောက်ပစ်တာ။ လမ်း​တွေက မ​ကောင်း​၊​ လမ်း​တံတား​ကြေး​က မြင့်​တော့​ ကား​ပြင်ဆင်စရိတ်နဲ့​ နုတ်လိုက်ရင် ယာဉ်ပိုင်ရှင်​တွေအတွက်က မကျန်​တော့​ဘူး​။ အဲဒါ​ကြောင့်​ ခရီး​သည်​တွေအ​ပေါ်က​နေ မကြာခင် ယာဉ်စီး​ခတိုး​ကောက်ရ​တော့​မှာပါ။ ကုန်တင်ခလည်း​ တိုး​ကောက်ရ​တော့​မယ်။ အဲဒါဆို ​နောက်ပိုင်း​ အ​ခြေခံစား​သောက်ကုန်အပြင် ပစ္စည်း​တွေကအစ ​ဈေး​တက်သွား​မယ့်​သ​ဘော ရှိတယ်။ အဲဒီလိုမှ မတက်ရင်လည်း​ လိုင်း​ကား​တွေက ရပ်ထား​လိုက်ရုံပဲရှိ​တော့​တယ်။” လမ်း​တံတား​ကြေး​တွေ တိုး​မြှင့်​ကောက်ခံလာတဲ့​အတွက် ​အောက်တိုဘာလ ၁ ရက်​နေ့​ကစပြီး​ ရန်ကုန်- ဘုရင့်​နောင် ကုန်ကား​အသင်း​က ကုန်တန်ဆာခ​တွေ တိုး​မြင့်​သွား​ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up