DVB Logo
Home
မြန်မာသတင်း
အစိုး​ရသတင်း​စာ​ဖော်ပြချက် ကရင်ငြိမ်း​ချမ်း​ရေး​အဖွဲ့​ငြင်း​ဆို
DVB
·
October 11, 2011
Donate to DVB

ကရင်ငြိမ်း​ချမ်း​ရေး​ကောင်စီအဖွဲ့​က ဗိုလ်မှူး​ ​စောအယ်ထူး​နဲ့​ အဖွဲ့​ ၁၅ ဦး​ဟာ အ​ရှေ့​တောင်တိုင်း​စစ်ဌာနချုပ် နယ်​မြေထဲ ​အောက်တိုဘာလ ၉ရက်​နေ့​က လက်နက်​တွေနဲ့​အတူ လက်နက်ချအလင်း​ဝင်ခဲ့​တယ်လို့​ ဒီ​နေ့​ထုတ် မြန်မာ့​အလင်း​သတင်း​စာမှာ ​ဖော်ပြထား​ပါတယ်။

ဒီ​ဖော်ပြချက်နဲ့​ပတ်သက်ပြီး​ ​ကေအန်ယူ/​ကေအန်အယ်လ်​အေ (ကရင်ငြိမ်း​ချမ်း​ရေး​ကောင်စီအဖွဲ့​) ရဲ့​ နိုင်ငံခြား​ဆက်သွယ်​ရေး​ တာဝန်ခံ​ဒေါက်တာ တီမိုသီက ဒီအဖွဲ့​ဟာ သူတို့​တပ်ဖွဲ့​က မဟုတ်ဘူး​လို့​ ​ပြောပါတယ်။

“ကျ​နော်တို့​အဖွဲ့​ကမဟုတ်ဘူး​။ အရင်တုန်း​က ဒီ​ကေဘီ​အေ​ဟောင်သ​ရောတို့​ ဘာတို့​အား​လုံး​ပေါင်း​ပြီး​တော့​ ငြိမ်း​ချမ်း​ရေး​နာမည်တပ်ပြီး​တော့​ သူတို့​ဟာသူတို့​ ​နေတဲ့​သူ​တွေ၊​ အဲဒါ ငြိမ်း​ချမ်း​ရေး​ကောင်စီကပဲ ပြန်လုပ်သလို၊​ ငြိမ်း​ချမ်း​ရေး​ကောင်စီက ငြိမ်း​ချမ်း​ရေး​ရှိပြီး​သား​ပဲ၊​ ဘယ်လိုလက်နက်ချမလဲ။ အလင်း​ဝင်တာ​တွေဘာ​တွေ မရှိဘူး​။.ဒါ​တွေက ငြိမ်း​ချမ်း​ရေး​ကောင်စီကို နှိမ့်​ချတဲ့​သ​ဘော​ပေါ့​။ စစ်ဝါဒီရဲ့​ အ​တွေး​အ​ခေါ်​ပေါ့​။ ရှု​ထောင့်​အမျိုး​မျိုး​နဲ့​ ဒီ​နေ့​ထိရှိတုန်း​ပဲလို့​၊​ တိုင်း​ပြည်မှာ အများ​ကြီး​တာဝန်ရှိတယ်။ တကယ့်​ကို ဒီမိုက​ရေစီ ​ပြောင်း​မယ်ဆိုရင် ဒီအကျင့်​ဆိုး​တွေက လုံး​ဝ​ပေါ်လာဖို့​မသင့်​ဘူး​။ ဒါ​ပေမယ့်​ ဒီ​နေ့​ထိ ဒါ​တွေရှိတုန်း​ပဲ။ ဒါမျိုး​သာ ဆက်ရှိ​နေမယ်ဆိုရင် ဒီအစိုး​ရက ဘယ်လိုစစ်မှန်တဲ့​အစိုး​ရ ဖြစ်နိုင်မလဲ။”

အစိုး​ရသတင်း​စာမှာ​တော့​ ​ကေအန်ယူ/​ကေအန်အယ်လ်​အေ အဖွဲ့​က ဗိုလ်မှူး​အဆင့်​ရှိ ​စောအယ်ထူး​နဲ့​ ​စောအယ်​စေး​ အဖွဲ့​၁၅ဦး​ဟာ လက်နက်အပြည့်​အစုံနဲ့​ မွန်ပြည်နယ် လုံခြုံ​ရေး​နဲ့​နယ်စပ်​ရေး​ရာဝန်ကြီး​ ဗိုလ်မှူး​ကြီး​ဌေး​မြင့်​အောင်ဆီ လက်နက်ချအလင်း​ဝင်ခဲ့​တာလို့​ ​ဖော်ပြထား​ပါတယ်။

ဒေါက်တာတီမိုသီက​တော့​ ဒီအဖွဲ့​ဟာ အရင် ဒီ​ကေဘီ​အေတပ်ဖွဲ့​နဲ့​ ​ဟောင်သ​ရောတပ်ဖွဲ့​က တပ်ဖွဲ့​ဝင်​ဟောင်း​တွေဖြစ်တယ်လို့​ ဆိုပါတယ်။

ကရင်ငြိမ်း​ချမ်း​ရေး​ကောင်စီအဖွဲ့​ဟာ ၂၀၀၇ ခုနှစ် ​ဖေ​ဖော်ဝါရီလက ​ကေအန်ယူ တပ်မဟာ(၇)မှ ခွဲထွက်ပြီး​ စစ်အစိုး​ရနဲ့​ ပူး​ပေါင်း​ခဲ့​ပါတယ်။ ၂၀၁၀ နိုဝင်ဘာ​ရွေး​ ​ကောက်ပွဲ မတိုင်ခင် စစ်အုပ်စုရဲ့​ နယ်ခြား​စောင့်​တပ်နဲ့​ ပြည်သူ့​စစ်အဖြစ် ​ပြောင်း​လဲဖွဲ့​စည်း​ရေး​ကို ငြင်း​ဆန်ခဲ့​တဲ့​ ကရင်အပစ်ရပ်အဖွဲ့​ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013