အိုလံပစ်အလေးမ ယှဉ်ပြိုင်စဉ် တံတောင်ဆစ်ရိုးလွဲသွားသည့် အာမေးနီးယား ကစားသမားကို ဆေးရုံပို့ (ဓာတ်ပုံ)

ဓာတ်ပုံ - Getty Images
2.4K
ဘရာဇီးအိုလံပစ်ပြိုင်ပွဲ အလေးမပြိုင်ပွဲမှာ အာမေးနီးယား ကစားသမားတဦးဟာ အလေးမနေစဉ် တံတောင်ဆစ်ရိုး လွဲချော်သွားလို့ ဆေးရုံတင်ပို့ခဲ့ရပါတယ်။
အမျိုးသား ၇၇ ကီလိုတန်းမှာ ၀င်ပြိုင်ခဲ့တဲ့ အာမေးနီးယား ကစားသမား Karapetyan ဟာ အမြန်မရတဲ့အဆင့်မှာ ၁၇၄ ကီလိုအထိ မနိုင်ခဲ့ပေမယ့် နှစ်ဆင့်မရတဲ့ အဆင့်မှာတော့ ၁၉၅ ကီလိုကို မနေစဉ်မှာ တံတောင်ဆစ်ရိုးက ပြောင်းပြန်ဖြစ်သွားခဲ့ပြီး ဆေးရုံကို အမြန်ဆုံး တင်ပို့ခဲ့ရတာပါ။
အသက် ၂၀ ရှိ Karapetyan ဟာ ကြေးတံဆိပ်ဆုအတွက် ယှဉ်ပြိုင်နေစဉ် တံတောင်ဆစ် ပြောင်းပြန်ဖြစ်သွားရတာဖြစ်ပြီး ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရပါတယ်။
အမျိုးသား ၇၇ ကီလိုတန်း အလေးမပြိုင်ပွဲမှာ ကာဇက်စတန်က ရာဟီမော့က ရွှေတံဆိပ်ရခဲ့ပြီး တရုတ်ကစားသမား လျူက ဒုတိယ၊ အီဂျစ် အလေးမသမား မာမွတ်က တတိယ အသီးသီး ရယူနိုင်ခဲ့ကြပါတယ်။