DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံ​ရေကာတာကို လုံး​ဝရပ်တန့်​ရန် ​တောင်း​ဆို
DVB
·
October 11, 2011
Donate to DVB

မြစ်ဆုံ​ရေကာတာစီမံကိန်း​ကို လက်ရှိအစိုး​ရလက်ထက်မှာ ရပ်ဆိုင်း​ထား​ဖို့​ သမ္မတဦး​သိန်း​စိန်ရဲ့​ ဆုံး​ဖြတ်ချက်ကို ပဲခူး​တိုင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကြိုဆိုလိုက်ပြီး​ လုံး​ဝရပ်တန့်​ဖို့​ ​တောင်း​ဆိုလိုက်ပါတယ်။

မ​နေ့​က ရန်ကုန်မြို့​ ​ရွှေဂုံတိုင် အဖွဲ့​ချုပ်ရုံး​မှာလုပ်တဲ့​ ပဲခူး​တိုင်း​က အဖွဲ့​ချုပ်ဝင်​ခေါင်း​ဆောင်​တွေရဲ့​ အစည်း​အ​ဝေး​က​နေ ဆုံး​ဖြတ်လိုက်တာလို့​ ပဲခူး​တိုင်း​စည်း​ရုံး​ရေး​မှူး​ ဦး​မြင့်​ဦး​က အခုလို ​ပြောပါတယ်။

“နိုင်ငံ​တော် သမ္မတ ဦး​သိန်း​စိန်၏ ဧရာဝတီမြစ်ဆုံ ​ရေကာတာစီမံကိန်း​အား​ ၎င်း၏အစိုး​ရ သက်တမ်း​ကာလအတွင်း​ ရပ်ဆိုင်း​ထား​လိုက်​ကြောင်း​ ​ကြေညာချက်ကို လှိုက်လှဲဝမ်း​မြောက်စွာ ​ထောက်ခံပါ​ကြောင်း​နဲ့​ ၎င်း ဧရာဝတီမြစ်ဆုံ ​ရေကာတာစီမံကိန်း​အား​ ထာဝရ ရပ်ဆိုင်း​ပေး​ပါရန် ​တောင်း​ဆို​ကြောင်း​ ဆုံး​ဖြတ်သည်။”

“နံပါတ် ၂ ဆုံး​ဖြတ်ချက်က​တော့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​အတွက် ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံ​နေရ​သော အကျဉ်း​သား​အား​လုံး​ကို ခြွင်း​ချက်မရှိ အမြန်ဆုံး​ပြန်လည်လွှတ်​ပေး​ရန် သမ္မတဦး​သိန်း​စိန်အား​ တိုက်တွန်း​တောင်း​ဆို​ကြောင်း​ ဆုံး​ဖြတ်သည်။”

ဒါ့​အပြင် တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ဖြစ်​နေတဲ့​ စစ်ပွဲ​တွေကို ရပ်တန့်​ပေး​ဖို့​ အစိုး​ရကို ပဲခူး​တိုင်း​အဖွဲ့​ချုပ်က ​တောင်း​ဆိုလိုက်ပါတယ်။

အဲဒီအစည်း​အ​ဝေး​မှာပဲ အဖွဲ့​ချုပ်ပြန်လည် မှတ်ပုံတင်​ရေး​ကိစ္စနဲ့​ပတ်သက်လို့​လည်း​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ ဦး​မြင့်​ဦး​က ​ပြောပါတယ်။

“တက်​ရောက်လာကြတဲ့​ မြို့​နယ်တချို့​က​နေပြီး​တော့​ တင်ပြ​ဆွေး​နွေး​တာ​တွေ ရှိပါတယ်။ ဒါ​ပေမယ့်​ အဲဒါနဲ့​ပတ်သက်လို့​က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်က မဆုံး​ဖြတ်ရ​သေး​ဘူး​ ဆိုတာကို ပြန်ပြီး​တော့​ ​ဆွေး​နွေး​ချက်​တွေလည်း​ ရှိပါတယ်။ ​နောက်ပြီး​တော့​ ဦး​တင်ဦး​ကလည်း​ ပါတီမှတ်ပုံတင် ဥပ​ဒေနဲ့​ ပတ်သက်ပြီး​ လွှတ်​တော်မှာ ပြန်လည်ပြင်ဆင်တဲ့​ဟာ​တွေ​တော့​ ရှိတယ်။ ဒါ​တွေကလည်း​ အတည်မဖြစ်​သေး​ဘူး​။ အား​လုံး​က​တော့​ ဒီဟာနဲ့​ ပတ်သက်လို့​ ပါတီမှတ်ပုံတင်​ရေး​ မတင်​ရေး​ကိစ္စ​တွေက ပါတီများ​မှတ်ပုံတင်ဥပ​ဒေကလည်း​ ခုမှ လွှတ်​တော်မှာပြန်လည်ပြင်ဆင်တဲ့​ တင်ပြတဲ့​အဆင့်​ပဲ ရှိ​သေး​တဲ့​အခါကျ​တော့​ ​နောက်လုပ်စရာ​တွေ အများ​ကြီး​ကျန်​သေး​တယ်။ ​စောင့်​ကြည့်​ပြီး​တော့​မှ အဆင့်​တွေလိုအပ်ချက်​တွေ ရှိ​သေး​တယ်။ အား​လုံး​က ​စောင့်​ကြည့်​သင့်​သေး​တယ်လို့​ သ​ဘောထား​ပေး​ကြတယ်။”

အစည်း​အ​ဝေး​ကို အဖွဲ့​ချုပ်ဗဟိုက ဒုဥက္ကဋ္ဌ ဦး​တင်ဦး​ တက်​ရောက်ခဲ့​ပြီး​ ပဲခူး​တိုင်း​ စည်း​ရုံး​ရေး​အဖွဲ့​၊​ တိုင်း​လူမှုအ​ထောက်အကူအပြုနဲ့​ မြို့​နယ်စည်း​ရုံး​ရေး​အဖွဲ့​ဝင်​တွေ (၅၀) ​ကျော်တက်​ရောက်ခဲ့​တယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013