A d v e r t i s e m e n t With Us

တိုက်ပွဲတွင် ဒဏ်ရာရ​သော ရှမ်း​စစ်သား​ ထူး​ခြား​သောလက္ခဏာများ​တွေ့

အစိုး​ရတပ် ပစ်ခတ်တဲ့​ကျည်ဆန်​ငွေ့​ကို ရှူမိပြီး​ ​ဝေဒနာခံစား​နေရတဲ့​ ရှမ်း​ပြည်တပ်မ​တော်က စစ်သည်ငါး​ဦး​ဟာ ​ခြောက်လကြာလာတဲ့​တိုင်​အောင် ပုံမှန်မဟုတ်ဘဲ ဓာတုအဆိပ်သင့်​နိုင်ဖွယ်ရှိတဲ့​ ​ဝေဒနာခံစား​နေရတုန်း​ပဲလို့​ သူတို့​ကိုကု​နေတဲ့​ ​ဆေး​ဆရာက ​ပြောပါတယ်။ လွန်ခဲ့​တဲ့​ခြောက်လတုန်း​က တိုက်ပွဲမှာ အစိုး​ရတပ်ဘက်က ဓာတုလက်နက်သုံး​နိုင်တယ်လို့​ သံသယနဲ့​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီက ကိုး​ကား​ခဲ့​တဲ့​ ​ဝေဒနာသည် ရှမ်း​စစ်သည် ၅ ဦး​ကို ရှမ်း​ရိုး​ရာနည်း​နဲ့​ ကုသ​နေတယ်လို့​ ရှမ်း​တိုင်း​ရင်း​ဆေး​ဆရာက ​ပြောပါတယ်။ ဒီ ၅ ဦး​ဟာ အဲဒီတိုက်ပွဲမှာရတဲ့​ဝေဒနာ​ကြောင့်​ မကြာခဏမူး​ဝေ ​အော့​အန်တတ်ပြီး​ အား​နည်း​တာ​တွေ၊​ ခန္ဓာကိုယ် အ​သွေး​အသား​ထဲက ယား​ယံတဲ့​ဝေဒနာ​တွေ ခံစား​ရတယ်လို့​ ရှမ်း​တိုင်း​ရင်း​ဆေး​ဆရာက ​ပြောပါတယ်။ “လူနာ​တွေကို ရှမ်း​တပ်မ​တော်​ဆေး​မှူး​က ယား​နာ​ပျောက်​ဆေး​၊​ အမူး​ပြေ​ဆေး​တွေနဲ့​ ရက်ရှည်ကုသ​ပေး​ခဲ့​ပေမယ့်​ မ​ပျောက်ကင်း​ဘဲ ခရီး​ဝေး​မသွား​နိုင်ဘဲ ​မောပန်း​ပြီး​ ​ခေတ်မီ​ဆေး​ရုံမှာ လူနာ​တွေ တက်​ရောက်ကုသ​ပေမယ့်​ မသက်သာဘဲ ​ရောက်လာတယ်။ ​ဆေး​မြစ်စုံ​ပေါင်း​ရည်ကို မှိုင်း​ရှူတာ ​ပေါင်း​ခံတာ​တွေ လုပ်​ပေး​ပြီး​ ကုသ​ပေး​နေတယ်။” ဒီ​ဆေး​နည်း​ဟာ သာမန်လူနာ​တွေအတွက် ၂ကြိမ် ၃ကြိမ် ​ပေါင်း​ခံလိုက်တာနဲ့​ ယား​ယံတာ ကိုက်ခဲတာ​တွေ ​ပျောက်ကင်း​သွား​လေ့​ရှိ​ပေမယ့်​ ဒီလူနာငါး​ဦး​က​တော့​ ကုသသည့်​ ၄ - ၅ လအတွင်း​ အကြိမ်၂ဝခန့်​ ​ပေါင်း​ခံကုသ​ပေမယ့်​ သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့​ အမြစ်မပြတ်နိုင်ဘဲ ဖြစ်​နေတယ်လို့​ ​ပြောပါတယ်။ စစ်သည် ၅ ဦး​ဟာ လွန်ခဲ့​တဲ့​ ဧပြီလ ၃ ရက်​နေ့​က အစိုး​ရတပ် ခမရ ၅၁၃ က တန့်​ယန်း​မြို့​နယ် မိုင်း​ကောဝ်​ဒေသထဲမှာ ရှိတဲ့​ ရှမ်း​ပြည်တပ်မ​တော်၊​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီရဲ့​ ၇ မိုင် စခန်း​ကို ဝင်​ရောက်တိုက်ခိုက်တဲ့​ တိုက်ပွဲတုန်း​က ပါဝင်ခဲ့​သူ​တွေ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ အစိုး​ရတပ်ဘက်ကပစ်တဲ့​ ဗုံး​ပေါက်ကွဲရာ​နေရာအနီး​ရောက်​နေတဲ့​ သူတို့​ ၅ ဦး​ဟာ မီး​ခိုး​ငွေ့​တွေ ရှူမိပြီး​ မူး​လာကာ အသက်ရှူကြပ်တဲ့​ဝေဒနာခံစား​ခဲ့​ရပြီး​ ​တောက်​လျှောက် ​ဆေး​ကုသ​နေရတာပါ။ အခုလို စစ်သည်​တွေ ​ဝေဒနာခံစား​နေရတာနဲ့​ ပတ်သက်ပြီး​ အစိုး​ရတပ်​တွေဟာ ဓာတုလက်နက်အသုံး​ပြုပြီး​ တိုက်ခဲ့​တယ်လို့​ ရှမ်း​ပြည်တပ်မ​တော်ဘက်က သံသယရှိ​ကြောင်း​ မီဒီယာ​တွေက​နေ စွပ်စွဲ​ပြောဆိုခဲ့​တဲ့​အ​ပေါ် အစိုး​ရဘက်ကလည်း​ တစုံတရာ တုံ့​ပြန်ခြင်း​မရှိပါဘူး​။

A d v e r t i s e m e n t With Us

More News
Up