DVB Logo
Home
မြန်မာသတင်း
၈၈ မျိုး​ဆက်များ​ ပြန်လွတ်လာမည်ဟု မိသား​စုဝင်များ​ မျှော်လင့်
DVB
·
October 11, 2011
၈၈ မျိုး​ဆက်များ​ ပြန်လွတ်လာမည်ဟု မိသား​စုဝင်များ​ မျှော်လင့်
Donate to DVB

အကျဉ်း​သား​ ၆၃၅၉ ဦး​ကို မနက်ဖြန်မှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ လွှတ်​ပေး​မယ်လို့​ အစိုး​ရပိုင် ရုပ်သံလိုင်း​တွေက ​ကြေညာသွား​ပေမယ့်​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ဘယ်​လောက်များ​များ​ ပါလာမလဲ ဆိုတာ မသိရ​သေး​ပါဘူး​။

အသက်အရွယ်ကြီး​ ရင့်​သူ​တွေ၊​ ကျန်း​မာ​ရေး​မ​ကောင်း​သူ​တွေနဲ့​ ကိုယ်လက် အင်္ဂါချို့​တဲ့​သူ​တွေ အပါအဝင် ထိုက်သင့်​တဲ့​ ပြစ်ဒဏ်ကျခံခဲ့​ရပြီး​ စည်း​ကမ်း​နဲ့​ အညီ​နေထိုင်ခဲ့​သူ​တွေကို ပြန်လွှတ်​ပေး​မယ်လို့​ ​ကြေညာချက်က ဆိုပါတယ်။

၈၈ ​ကျောင်း​သား​ခေါင်း​ဆောင် ကိုအံ့​ဘွယ်​ကျော်ရဲ့​ မိခင်က လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ကြေညာချက်နဲ့​ ပတ်သက်လို့​ သူရဲ့​ စိုး​ရိမ်မှုကို အခုလို ​ပြောပါတယ်။

"ဇ​ဝေဇဝါဖြစ်​နေတယ်၊​ မနက်က ​ပြောသွား​တာကြား​လိုက်​တော့​ ယုံကြည်ချက်ပြင်း​ထန်တဲ့​ လူ​တွေကို မလွှတ်ချင်ဘူး​ဆို​တော့​ ၈၈ ​ကျောင်း​သား​တွေကို မလွှတ်ချင်တဲ့​သ​ဘောမျိုး​လိုလို ယူဆတာ​ပေါ့​၊​ လွှတ်ပါ့​မလား​လို့​ စိတ်​တော့​ပူတာ​ပေါ့​။ သံသယဖြစ်​နေတယ်။ ​ကြေညာသွား​တဲ့​ထဲမှာ ပူး​တွဲပါစာရင်း​အရလို့​ပြောတယ် စာရင်း​လည်း​ ကိုယ်က ကြား​ရတာမဟုတ် ​တွေ့​ရတာမဟုတ်​တော့​ အသက်က ကြီး​နေပြီ​လေ ကျမက အသက် ၇၈ နှစ်ပါ၊​ ​စောင့်​နေရတဲ့​သ​ဘော​ပေါ့​။"

ကိုမင်း​ ကိုနိုင်နဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်​တွေကို ၂၀၀၈ ခုနှစ်တုန်း​က ​ထောင်ဒဏ် ၆၅ နှစ်ခွဲစီ ချမှတ်ပြီး​ နယ်​ဝေး​ထောင်​တွေကို ပို့​ထား​တာ ဖြစ်ပါတယ်။

အလား​တူ မိုင်း​ဆတ်​ထောင်မှာ အကျဉ်း​ချခံ​နေရတဲ့​ ၈၈ ​ကျောင်း​သား​ခေါင်း​ဆောင် ကိုကိုကြီး​ရဲ့​ ညီဖြစ်သူ ကို​အောင်ထွန်း​ကလည်း​ " လွှတ်တယ်ဆိုပြီး​ ကြား​နေတယ်၊​ တိတိကျကျမသိ​သေး​ဘူး​။ အစ်ကိုပါ မပါ​ပေါ့​။ လွတ်လာရင်​တော့​ ​ကောင်း​တာ​ပေါ့​" လို့​ ​ပြောပါတယ်။

ဗန်း​မောင်​ထောင်မှာ အကျဉ်း​ကျ​နေတဲ့​ ၈၈ ​ကျောင်း​သား​ခေါင်း​ဆောင် ကိုပဏ္ဍိတ်ထွန်း​ရဲ့​ ဖခင်က​တော့​ သား​ဖြစ်သူ ပြန်လွတ်လာမယ်လို့​ ​မျှော်လင့်​နေပါတယ်။

"ကျ​နော်​ထောင်ကို လှမ်း​မေး​တော့​ ​ထောင်က တယ်လီဖုန်း​က အား​တယ်မရှိဘူး​။ သူက​တော့​ ဘာသတင်း​ကြား​လဲမသိဘူး​။ လွန်ခဲ့​တဲ့​ တရက်နှစ်ရက်က ကျ​နော်တို့​ဆီ ပိုက်ဆံလှမ်း​မှာတယ်။ သူလွတ်လို့​ရှိရင် ပြန်စရိတ်မရှိမှာစိုး​လို့​ ဆိုပြီး​ ​ငွေလှမ်း​မှာပါတယ်။ ဒီ​နေ့​ပဲ ကျ​နော်​ငွေပို့​လိုက်တယ်။ သား​တို့​က ​ထောင်ထဲမှာ ဘာမှ ပြသနာမရှိခဲ့​ဘူး​လေ။ ကျ​နော်အ​နေနဲ့​တော့​ လွတ်လိမ့်​မယ်လို့​ ​မျှော်လင့်​နေတယ်။

အလား​တူ ​ကော့​သောင်း​ထောင်က​နေ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ကိုပြုံး​ချိုလည်း​ ပြန်လွတ်လာမယ်လို့​ ဖခင်ဖြစ်သူက ​မျှော်​နေပါတယ်။

"ထူး​ခြား​ရင်​တော့​ ​ကော့​သောင်း​က မိတ်​ဆွေ​တွေရှိတယ်။ ပြီး​ခဲ့​တဲ့​ လက သူ့​ဇနီး​သွား​တယ်။ ကျ​နော်တို့​က သွား​မလို့​ လုပ်​နေတုန်း​ အခုသတင်း​ကြား​တော့​ မသွား​ဖြစ်ဘူး​။ ပါလိမ့်​မယ် ထင်ပါတယ်။"

ပြီး​ခဲ့​တဲ့​ ​မေလကလည်း​ သမ္မတအမိန့်​နဲ့​ အလား​တူ လွတ်ငြိမ်း​ချမ်း​သား​ခွင့်​နဲ့​ အကျဉ်း​သား​ ၁၄၆ဝဝ ကို ပြန်လွှတ်​ပေး​ခဲ့​ပေမယ့်​ အဲဒီထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ အနည်း​အကျဉ်း​ပဲ ပါဝင်ခဲ့​ပါတယ်။

လော​လောဆယ်မှာ နိုင်ငံတဝန်း​က အကျဉ်း​ထောင်​တွေနဲ့​ ရဲဘက်စခန်း​တွေထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၅၀၀ ဝန်း​ကျင်ရှိနိုင်တယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​စာရင်း​ကို လက်ရှိပြုစု​နေတဲ့​ ပြည်တွင်း​က ဒီမိုက​ရေစီကွန်ရက်အဖွဲ့​က ခန့်​မှန်း​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013