Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲရလဒ် ကြံ့ခိုင်ရေးပါတီ ရှင်းလင်းတင်ပြ
အောင်ကိုကိုလတ် (နေပြည်တော်)
·
August 11, 2016
13934614_284300485277915_8146745540305129058_n
13907157_284300245277939_759474938839472617_n
13902783_284300361944594_2377728126973872101_n
13895460_284300295277934_3324332824585832211_n
ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ရလဒ်များရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ဩဂုတ်လ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို နေပြည်တော် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး၊ သင်တန်းကျောင်းမှာ ဩဂုတ်လ ၈ ရက်နေ့ကတည်းက အစုအဖွဲ့ (၄)ဖွဲ့ပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ဩဂုတ်လ ၁၁ ရက်နေ့ကတော့ ဆွေးနွေးပွဲရလဒ်တွေကို ရှင်းလင်းတင်ပြကြတာ ဖြစ်ပါတယ်။ ပါတီညီလာခံကို ဩဂုတ်လ ၂၀ ရက်နေ့မှာကျင်းပပြုလုပ်မှာဖြစ်ပြီး ဒီဆွေးနွေးပွဲက ရလဒ်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသမိုင်းကြောင်းနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်မှုဆောင်ရွက်ချက်များ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုဦးတည်သော ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး၊ ပြည်ထောင်စု အဓွန့်ရှည်တည်တန့်ခိုင်မြဲရေး တိုင်းရင်းသားစည်လုံးညီညွတ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး စတဲ့ အစု အဖွဲ့ ၄ ဖွဲ့ ဖွဲ့ပြီးဆွေးနွေးခဲ့ကျတာဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024