မန်ယူ လူငယ်နောက်ခံလူ ၂ ဦးကို ဆန်းဒါးလန်း ခေါ်ယူ

ဓာတ်ပုံ - Getty
ဆန်းဒါးလန်းအသင်းဟာ မန်ယူနောက်ခံလူ ၂ ဦးဖြစ်တဲ့ မက်နဲနဲ့ ဒိုနယ်လဗ်တို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ပါတယ်။ မြောက်အိုင်ယာလန် လက်ရွေးစင် မက်နဲနဲ့ လူငယ်ကစားသမား ဒိုနယ်လဗ်တို့ ၂ ဦးကို ပေါင် ၆ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒိုနယ်လဗ်ဟာ ပြီးခဲ့တဲ့ရာသီက ဝီဂန်အသင်းမှာ အငှားသွားကစားခဲ့ပြီး မန်ယူ ပထမအသင်းနဲ့အတူ ပရီးမီးယားလိဂ် ၁ ပွဲနဲ့ ယူရိုပါလိဂ် ၁ ပွဲသာ ပွဲထွက်ခွင့် ရထားပါတယ်။ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်ဟာ ဆန်းဒါးလန်းနည်းပြအဖြစ် မကြာသေးခင်ကမှ ခန့်အပ်ခံထားရတာပါ။ ဆန်းဒါးလန်းအသင်းဟာ ပြီးခဲ့တဲ့ အပတ်တုန်းက ချဲလ်ဆီးနောက်ခံလူ ဂျီလိုဘိုဂျီကို ပေါင် ၈ သန်းနဲ့ ခေါ်ယူထားပြီးလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up