DVB Logo
Home
မြန်မာသတင်း
အကျဉ်း​သား​ ၆၃၅၉ ဦး​ လွှတ်​ပေး​မည်ဟု ​ကြေညာ
DVB
·
October 11, 2011
Donate to DVB

အစိုး​ရက အကျဉ်း​သား​ ၆၃၅၉ ဦး​ကို မနက်ဖြန် လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ လွှတ်​ပေး​မယ်လို့​ ​ကြေညာလိုက်ပါတယ်။

နိုင်ငံ​တော် သမ္မတရုံး​ရဲ့​ ထုတ်ပြန်​ကြေညာချက်ကို ဒီက​နေ့​ ​နေ့​လယ် ၁ နာရီအချိန်မှာ MRTV 4 ရုပ်သံလိုင်း​ သတင်း​အစီအစဉ်က ထုတ်ပြန်​ကြေညာလိုက်တာပါ။

ဒီလွတ်ငြိမ်း​ချမ်း​သာခွင့်​မှာ အသက်အရွယ်ကြီး​ရင့်​သူ​တွေ၊​ ကျန်း​မာ​ရေး​မ​ကောင်း​သူ​တွေနဲ့​ ကိုယ်လက်အင်္ဂါချို့​တဲ့​သူ​တွေ အပါအဝင် ထိုက်သင့်​တဲ့​ ပြစ်ဒဏ်ကျခံခဲ့​ရပြီး​ စည်း​ကမ်း​နဲ့​အညီ​နေထိုင်ခဲ့​တဲ့​ အကျဉ်း​သား​တွေ အကျုံး​ဝင်တယ်လို့​ ​ကြေညာချက်ကဆိုပါတယ်။

ဒီလွတ်ငြိမ်း​ချမ်း​သာခွင့်​ဟာ သမ္မတဦး​သိန်း​စိန်ရဲ့​ အိန္ဒိယနိုင်ငံခရီး​စဉ်မတိုင်ခင် လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​မယ်ဆိုတဲ့​ ခန့်​မှန်း​ပြောဆိုချက်​တွေကို အတည်ပြု​ပေး​လိုက်တာဖြစ်ပါတယ်။

ပြီး​ခဲ့​တဲ့​မေလလယ်ပိုင်း​တုန်း​ကလည်း​ အကျဉ်း​သား​ တ​သောင်း​ခွဲနီး​ပါး​ကို ပြစ်ဒဏ်တနှစ် ​လျှော့​ပေါ့​ပေး​ခဲ့​တုန်း​က နိုင်ငံ​ရေး​အကျဉ်း​သား​ ရာဂဏန်း​လောက်ပဲ ပါခဲ့​တာ​ကြောင့်​ ယခုပြန်လည်လွှတ်​ပေး​သူ​တွေထဲတွင် နိုင်ငံ​ရေး​အကျဉ်း​သား​ (ယုံကြည်ချက်​ကြောင့်​ပြစ်ဒဏ်ကျခံ​နေရသူ) ဘယ်နှစ်ဦး​ပါဝင်မည် ဆိုသည်ကို မသိနိုင်​သေး​ပါဘူး​။

စစ်အစိုး​ရ လက်ထက်တုန်း​က​ရော အခုလက်ရှိ သမ္မတဦး​သိန်း​စိန် အစိုး​ရလက်ထက်မှာပါ မြန်မာနိုင်ငံမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ မရှိဘူး​လို့​ မ​ပြောင်း​မလဲ ရပ်တည်တုံ့​ပြန်​နေ​ပေမယ့်​ ကုလသမဂ္ဂ အပါအဝင် အ​နောက်နိုင်ငံ​တွေနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ကိစ္စ ​ဆောင်ရွက်သူ​တွေက​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂ဝဝဝခန့်​ရှိ​နေ​ကြောင်း​ တစိုက်မတ်မတ်​ပြောဆို​နေပါတယ်။

လတ်တ​လောမှာ နိုင်ငံတဝန်း​က အကျဉ်း​ထောင်​တွေနဲ့​ ရဲဘက်စခန်း​တွေထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၅၀၀ ခန့်​ရဲ့​ စာရင်း​ရရှိထား​တယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​စာရင်း​ကို လက်ရှိပြုစု​နေတဲ့​ ပြည်တွင်း​အ​ခြေပြု ဒီမိုက​ရေစီကွန်ရက်အဖွဲ့​က ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ ကိုတိုး​ကျော်လှိုင်က ​ပြောပါတယ်။

အစိုး​ရက အသိအမှတ်ပြုတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ (ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံ​နေသူ) စာရင်း​ဟာ ၄ဝဝခန့်​သာ အသိအမှတ်ပြုတာ​ကြောင့်​ သူတို့​စာရင်း​ထက် လူ ၁၀၀၀ ​လောက် နည်း​နေတယ်လို့​ ကိုတိုး​ကျော်လှိုင်က ​ပြောပါတယ်။

တပ်မ​တော်အစိုး​ရဟာ ခွန်ထွန်း​ဦး​၊​ စိုင်း​ညွန့်​လွင်စတဲ့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ၊​ မင်း​ကိုနိုင်၊​ ကိုကိုကြီး​ စတဲ့​ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေ၊​ အရှင်ဂမ္ဘီရစတဲ့​ သံဃာ့​ခေါင်း​ဆောင်​တွေနဲ့​ နိုင်ငံ​ရေး​လှုပ်ရှား​သူ​တွေကို နှစ်ရှည်​ထောင်ဒဏ်​တွေ ချမှတ်ပြီး​ မိသား​စုနဲ့​ ​ဝေး​ရာ​ထောင်​တွေကို ပို့​ဆောင်ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013