DVB Logo
Home
မြန်မာသတင်း
လယ်သိမ်း​ခံ ရွာသား​များ​ သက်ဆိုင်ရာကို တရား​စွဲမည်
DVB
·
October 10, 2011
Donate to DVB

မန္တ​လေး​တိုင်း​ ပြင်ဦး​လွင်မြို့​နယ် ​ညောင်ကုန်း​ရွာက လယ်သိမ်း​ခံရတဲ့​ ရွာသား​တွေက သူတို့​လယ်​တွေကိုသိမ်း​ပြီး​ ​ကော်ဖီစိုက်ခင်း​ထောင်တဲ့​ အစိုး​ရအာဏာပိုင်​တွေကို တရား​စွဲဆို​တော့​မှာဖြစ်ပါတယ်။

ဒီတရား​စွဲဆိုမှုကို လိုက်ပါကူညီ​ဆောင်ရွက်တဲ့​ ​ရှေ့​နေများ​ကွန်ရက်က တရား​ရုံး​ချုပ်​ရှေ့​နေ ဦး​မြင့်​သွင်က ခုလို ​ပြောပါတယ်။

“ကျ​နော်တို့​က​တော့​ ဥပ​ဒေအရ ​တောင်သူ​တွေနစ်နာတဲ့​ နစ်နာ​ကြေး​တွေ ​ပေး​ဖို့​ရယ်၊​ ဖွဲ့​စည်း​အုပ်ချုပ်ပုံ အ​ခြေခံဥပ​ဒေအရ ​တောင်ယာ​တွေကို ပြန်ရဖို့​ရယ်ကို ကြိုး​စား​ပြီး​ တရား​စွဲဖို့​ လုပ်​ပေး​နေပါတယ်။ ​လော​လောဆယ် အချက်အလက် စုတဲ့​အခါမှာ ​တောင်သူ ၁၃၇ ​ယောက်မှာ ​တောင်သူက ၃၀ ​ကျော်ပဲရ​သေး​တော့​ အချက်အလက် မပြည့်​စုံ​သေး​တော့​ ​တောင်သူ​တွေကျန်ခဲ့​မှာစိုး​လို့​ ​စောင့်​နေတယ်။ ​နောက်တပတ်​လောက်​တော့​ ရတဲ့​လူ​လောက်နဲ့​ အမြန် တရား​စွဲရမယ်။”

၂၀၀၈ ခုနှစ်ကတည်း​က ပြင်ဦး​လွင်မြို့​နယ် သက္ကံချိုင်း​ကျေး​ရွာအုပ်စု ​ညောင်း​ကုန်း​ကျေး​ရွာစိုက်ခင်း​ကို ​ကော်ဖီစိုက်ခင်း​ တာဝန်ရှိပုဂ္ဂိုလ် ဗိုလ်မှူး​ကြီး​လှမြင့်​ဆိုသူက ​ကော်ဖီစီမံကိန်း​အတွက်ဆိုပြီး​ ​တောင်သူ​တွေရဲ့​ ​မြေဧက (၅၀၀) ခန့်​ကို သိမ်း​ခဲ့​ပါတယ်။

နိုင်ငံ​တော်က သိမ်း​တာလို့​ ​ပြော​ပေမယ့်​ တရား​ဝင်စာထုတ်​ပေး​ခြင်း​မရှိတဲ့​အပြင် ​ခေတ်သစ်လယ်ယာ​မြေနဲ့​ အ​ထွေ​ထွေစီး​ပွား​ရေး​လုပ်ငန်း​ သမဝါယမအသင်း​ လီမိတက်ဆိုတဲ့​ ဆိုင်း​ဘုတ်​ထောင်ပြီး​ ​ကော်ဖီစိုက်​နေတာ​ကြောင့်​ မန္တ​လေး​တိုင်း​ဝန်ကြီး​ချုပ်ထံ ရွာသား​တွေက တိုင်ခဲ့​ပါတယ်။

ဒီကြား​ထဲမှာပဲ အဲဒီကုမ္ပဏီက လယ်ယာ​မြေ​တွေကို ​ရောင်း​ချတာ၊​ ​မြေလိုက်ပြတာ​တွေ လုပ်​နေတာ​ကြောင့်​ အခုလ ၄ ရက်​နေ့​မှာ ရွာသား​တွေက ​ကော်ဖီစိုက်ခင်း​ ဧက တရာ​ကျော်ရဲ့​ အရိပ်အတွက် စိုက်ထား​တဲ့​အပင်​တွေကို ဓား​တွေနဲ့​ ဝင်​ရောက်ခုတ်ထစ်ဖျက်ဆီး​ပစ်လိုက်ပါတယ်။

ဒီ​နောက် သက်ဆိုင်ရာက စက်တင်ဘာ ၆ ရက်​နေ့​မှာ ဦး​တွတ်နီ၊​ ဦး​သန်း​၊​ ဦး​နေလင်း​အောင်၊​ ဦး​ကံညွန့်​အပါအဝင် ​ခြောက်ဦး​ ​နောက်ပိုင်း​ဖမ်း​ဆီး​တာအပါအဝင် စုစု​ပေါင်း​ ကိုး​ဦး​ရှိပြီဖြစ်ပါတယ်။

ရွာသား​ ၉ ဦး​ကို လယ်ယာ​မြေကျူး​ကျော်မှု အကျိုး​စီး​ပွား​ဖျက်ဆီး​မှု၊​ မီး​ရှို့​မှု စတဲ့​ပုဒ်မ​တွေနဲ့​ စွဲဆိုထား​ပြီး​ လာမယ့်​ ၁၄ ရက်​နေ့​မှာ ရုံး​ထုတ်စစ်​ဆေး​ဖို့​ရှိတယ်လို့​ ဦး​မြင့်​သွင်က ​ပြောပါတယ်။

“၂၀၀၈ ကတည်း​က သိမ်း​တော့​ သုံး​နှစ်​ကျော်​တော့​ ​တောင်သူ​တွေကလည်း​ သူတို့​ရဲ့​ ယာ​တွေထဲကို ပြန်ဝင်လုပ်ကြတယ်။ ၁၀ ​ပေပတ်လည်​လောက်ရှိတဲ့​ တဲ​လေး​တခုလည်း​ ဖျက်ဆီး​လိုက်တယ်။ အဲဒီမှာ မီး​ပါရှို့​တယ်ဆိုပြီး​ ​တောင်သူ ၉ ​ယောက်ကို ဖမ်း​ထား​တယ်။ အခုလက်ရှိ ပြစ်မှုဆိုင်ရာ နည်း​ဥပ​ဒေ ပုဒ်မ ၄၄၇၊​ ၄၂၇၊​ ၄၃၆နဲ့​ သူတို့​ကို ဖမ်း​ထည့်​ထား​တယ်။ အခုပြင်ဦး​လွင်ခရိုင် တရား​ရုံး​မှာ အမှုတင်ထား​တယ်။ ၁၄ ရက်​နေ့​မှာ စစစ်ဖို့​ ချိန်း​ထား​တယ်။”

ဒီလယ်ယာ​မြေသိမ်း​ပိုက်တဲ့​အမှုနဲ့​ ပုံစံတူတဲ့​အမှုတခုဟာ လွန်ခဲ့​တဲ့​လပိုင်း​က မ​ကွေး​တိုင်း​ ကံမမြို့​နယ် စစ္စရံ​ကျေး​ရွာမှာ ဦး​ပိုင်ကုမ္ပဏီက ​မြေသိမ်း​ရာက အစပြု အမှုဖြစ်ပြီး​ ​နောက်ဆုံး​မြေသိမ်း​ခံရသူ ရွာသား​တွေ ​ထောင်ကျခဲ့​ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013