အင်္ဂပူမြို့နယ်တွင် လယ်မြေဧက ၁၈၀၀ ကျော် ရေနစ်မြုပ်

အင်္ဂပူမြို့နယ်မှာ ကျေးရွာပေါင်း ၃၅၀ ကျော်က လယ်မြေဧက ၁၈၀၀ ကျော် ရေနစ်မြုပ်နေပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူ မြို့နယ်ထဲက ကျေးရွာပေါင်း ၃၅၀ ကျော်ရေကြီး နစ်မြုပ်မှုဒဏ်ခံခဲ့ရပါတယ်။ အခုလို ကျေးရွာတွေ ရေကြီးနစ်မြုပ်တာနဲ့အတူ လယ်ဧက ၁၈၀၀ ကျော်လည်း ရေလွှမ်းမိုးမှုနဲ့တွေ့ကြုံနေရပြီး စိုက်ပျိုးသီးနှံတွေလည်း ပျက်စီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၂၄၀၀၀ ကျော်နဲ့ လူဦးရေ ၄၈၅၀၀ ကျော် ရေဘေးဒဏ် ခံစားခဲ့ကြရပါတယ်။ သတင်း၊ ဓာတ်ပုံ - သိန်းထိုက်မြင့်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up