DVB Logo
Home
မြန်မာသတင်း
ထိုင်း​ရေလွှမ်း​မိုး​မှု လူ ၈ သန်း​ကျော် ​ရေ​ဘေး​ဒုက္ခ​ရောက်၊​ ၂၆၉ ဦး​ ​သေဆုံး
DVB
·
October 10, 2011
ထိုင်း​ရေလွှမ်း​မိုး​မှု လူ ၈ သန်း​ကျော် ​ရေ​ဘေး​ဒုက္ခ​ရောက်၊​ ၂၆၉ ဦး​ ​သေဆုံး
Donate to DVB

ထိုင်း​နိုင်ငံ​မြောက်ပိုင်း​ကို ဦး​စွာလွှမ်း​မိုး​ခဲ့​တဲ့​ ​ရေကြီး​မှုဟာ ဘန်​ကောက်ရဲ့​ အထက်က အယုဒ္ဒယခရိုင်ကို ​ရောက်ရှိလွှမ်း​မိုး​နေကာ တနိုင်ငံလုံး​မှာ လူ ၈ သန်း​ကျော်ဒုက္ခ​ရောက်ပြီး​ ၂၆၉ ဦး​ ​သေဆုံး​သွား​ပြီလို့​သိရပါတယ်။

မြို့​နယ် ၁၆ ခုရှိတဲ့​ အယုဒ္ဒယမှာ ဒီက​နေ့​ မနက် ၃ နာရီကစပြီး​ မြို့​နယ်အား​လုံး​ ​ရေလွှမ်း​မိုး​သွား​ပြီဖြစ်ပြီး​ နှစ်ထပ်တိုက်အိမ်​တွေရဲ့​ ​ခေါင်မိုး​တွေအထိ ​ရေမြုပ်​နေတဲ့​အတွက် လူ ၃ သိန်း​ကျော် ​ရေ​ဘေး​ဒုက္ခ ကြုံ​တွေ့​နေရပါတယ်။

အယုဒ္ဒယခရိုင်အတွင်း​ ​ရေ​ဘေး​ကျ​ရောက်​နေတဲ့​ မြန်မာလူမျိုး​တွေကို တတ်အား​သမျှ ကူညီနိုင်ဖို့​အတွက် မြန်မာလူမှု​ရေး​အဖွဲ့​တဖွဲ့​ ဘန်​ကောက်မြို့​မြန်မာ ​တွေဆီမှာ စတင်အလှူ​ငွေ ​ကောက်ခံ​နေပြီဖြစ်​ကြောင်း​ အဖွဲ့​ခေါင်း​ဆောင် ဦး​သန်း​ဖေက ​ပြောပါတယ်။

“အကုန်လုံး​မြုပ်ကုန်ပြီ​လေ။ ကျ​နော်တို့​ပြည်ပ​ရောက်​ကျောင်း​သား​အဖွဲ့​အ​နေနဲ့​ ကျ​နော်တို့​ဗမာ​ရေ​ဘေး​ဒုက္ခသည်​တွေကို ဒီမှာကူညီ​ရေး​ရှိပါတယ်။ ကျ​နော်တို့​လော​လောဆယ် ရန်ပုံ​ငွေကမရှိဘူး​။ ဒါ​ပေမယ့်​ ဘန်​ကောက်မှာရှိ​နေတဲ့​ အလုပ်ရုံစက်ရုံ​တွေမှာ ကျ​နော်တို့​အလှူခံတာမျိုး​တွေ လုပ်ဖို့​ရှိပါတယ်။”

လော​လောဆယ်မှာ ဆက်သွယ်လို့​ရသူ​တွေကို စတင်ကူညီ ​ဆောင်ရွက်​ပေး​သွား​မယ်လို့​ဆိုပါတယ်။

ရေကြီး​မှုဒဏ်​ကြောင့်​ အယုဒ္ဒယခရိုင်အတွင်း​က အလုပ်သမား​ ၁ သိန်း​ကျော်ရှိတဲ့​ စီး​ပွား​ရေး​ဇုန်ဟာ ဘတ်​ငွေ သန်း​ပေါင်း​ တသိန်း​ကျော်​လောက် ပျက်စီး​ဆုံး​ရှုံး​မှုရှိမယ်လို့​ ဟွန်ဒါကား​ကုမ္ပဏီက ခန့်​မှန်း​တွက်ချက် ထုတ်ပြန်ထား​ပါတယ်။

ထိုင်း​အစိုး​ရက ​ရေလွှမ်း​မိုး​မှုကို နိုင်ငံ​တော် အ​ရေး​ပေါ်အ​ခြေအ​နေအဖြစ် သတ်မှတ်ပြီး​ ဝန်ကြီး​ဌာန ၈ ခု ပူး​ပေါင်း​ဆောင်ရွက်ဖို့​ညွှန်ကြား​ထား​ပါတယ်။

မြန်မာအလုပ်သမား​ထောင်​ပေါင်း​များ​စွာ အလုပ်လုပ်ကိုင်​နေကြတဲ့​ ဘန်​ကောက်မြို့​ဟာ မလွှဲမ​ရှောင်သာ ​ရေလွမ်း​မိုး​မှုဒဏ်ကို ခံရဖို့​ရှိ​နေတယ်လို့​ ထုတ်ပြန်သတိ​ပေး​ထား​ပြီး​ ​ရေ​ဘေး​ဒုက္ခသည်စခန်း​ ၈၀ ကိုလည်း​ ပြင်ဆင်ထား​ပါတယ်။

နိုင်ငံ​မြောက်ပိုင်း​ကဆင်း​လာပြီး​ အယုဒ္ဒယကိုဖြတ်သန်း​လာတဲ့​ ​ရေထု၊​ ဆက်လက်မိုး​ရွာသွန်း​နေမှု၊​ ပင်လယ်​ရေတက်ချိန်နဲ့​တိုက်ဆိုင်မှုအပြင် ဖိလစ်ပိုင်နိုင်ငံက​နေ ဖြတ်လာတဲ့​ မုန်တိုင်း​၂ လုံး​ စတာ​တွေဟာ ​နောက်သီတင်း​ပတ် အတွင်း​ ဘန်​ကောက်မှာ လာပြီး​ဆုံစည်း​နိုင်တာ​တွေ​ကြောင့်​အစိုး​ရက ထုတ်ပြန်သတိ​ပေး​ထား​တာပါ။

ထိုင်း​နိုင်ငံမှာ ​ရေကာတာ ၃၃ခုစလုံး​နီး​ပါး​ ​ရေပြည့်​သ​လောက်ရှိ​နေပြီး​ ​ရေကာတာ ၈ ခုမှာ​တော့​ ​ရေ​တွေ လျှံထွက်​နေပြီလို့​ ထိုင်း​အစိုး​ရ ဆည်​မြောင်း​ဌာနက ​ကြေညာထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013