ပြင်းထန်သည့် မုန်တိုင်းကြောင့် ပင်လယ်တွင်း ရေနံတူးစင် သောင်တင် (ရုပ်သံ)

3K
စကော့တလန်နိုင်ငံ အနောက်ပိုင်း လူးဝစ်ကျွန်းဆွယ်မှာ ပြင်းထန်တဲ့ မုန်တိုင်းတွေ တိုက်ခတ်အပြီး သြဂုတ် ၈ ရက်က ဒီဇယ်လောင်စာဆီ ၂၈၀ မက်ထရစ်တန် တင်ထားတဲ့ ပင်လယ်တွင်း ရေမျော ရေနံတူးစင်ဟာ ကုန်းပေါ်မှာ သောင်တင်ခဲ့ပါတယ်။
Transocean ကုမ္ပဏီပိုင် တွင်းတူးစင်ဟာ သြဂုတ် ၈ ရက်မနက်က ပြင်းထန်တဲ့ လေတိုက်နှုန်းကြောင့် ဆွဲသင်္ဘောနဲ့ ဆွဲလာချိန်အတွင်း ဆိုင်းကြိုးကနေ ပြုတ်ထွက်လာခဲ့တာလို့ ဗြိတိန် ပင်လယ်နဲ့ ကမ်းရိုးတန်းစောင့်အဖွဲ့ (MCA) ရဲ့ အင်တာနက် စာမျက်နှာမှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
ခုလိုဖြစ်ချိန် တွင်းတူးစင်ပေါ်မှာ လူတယောက်မှ မရှိနေလို့ အသက်ဘေး မရှိခဲ့ဘူးလို့ MCA က ပြောပါတယ်။
အခုတော့ ဘယ်လို ညစ်ညမ်းမှုတွေ ဖြစ်လာမလဲဆိုတာ MCA က စောင့်ကြည့်နေပါတယ်။
စကော့တလန်ရဲနဲ့ ကမ်းရိုးတန်းစောင့် ကယ်ဆယ်ရေး လုပ်သားတွေဟာ လူးဝစ်ကျွန်းဆွယ် အနောက်ပိုင်းက အခင်းဖြစ်ရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။