Homeမြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားဟောင်းများက နိုင်ငံရေးခေါင်းဆောင်များကို ကန်တော့ပွဲ ကျင်းပမည်
နိုင်ငံရေးအကျဉ်းသားဟောင်းများက နိုင်ငံရေးခေါင်းဆောင်များကို ကန်တော့ပွဲ ကျင်းပမည်
အေးနိုင်
·
October 7, 2011
နိုင်ငံရေးအကျဉ်းသားဟောင်းတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်တို့ကို လာမယ့်သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော် နေ့မှာ ဂါရဝပြု ကန်တော့ကြမယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ကိုတိုးကျော်လှိုင်က ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်မှာ ကန်တော့ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောတူညီချက်ကိုလည်း ရရှိထားပြီဖြစ်ပြီး နေရာကိုတော့ မကြာခင် သတ်မှတ် မယ်လို့လည်း ပြောပါတယ်။
“အဓိက ရည်ရွယ်တာကတော့ ကျနော်တို့က အန်တီ ဒေါ်အောင်ဆန်းစုကြည် အခု လက်ရှိလျှောက်လှမ်းနေတဲ့ နိုင်ငံရေးလမ်းကြောင်းအပေါ်မှာ ကျနော်တို့က ထောက်ခံတဲ့အားတခုကိုလည်း ကျနော်တို့ ပြသချင်တယ်။ နောက်ပြီးတော့ ကျနော်တို့ သီတင်းကျွတ်လပြည့်ဆိုတာ ကျနော်တို့ လူကြီးသူမတွေကို အစဉ်အလာအရ ကန်တော့တာ ရှိတယ်လေ။”
ကန်တော့မယ့်သူတွေက နိုင်ငံရေးအကျဉ်းသားဟောင်းများလို့ နာမည်ခံယူရ တဲ့ ရည်ရွယ်ချက်ကိုလည်း ကိုတိုးကျော်လှိုင်က ရှင်းပြပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ လိုအပ်နေတယ် အဲဒါကို အဆော တလျင်ဆောင်ရွက်ရမယ် ဆိုတဲ့ဟာကို remind လုပ် (သတိပေး) တဲ့သဘောပေါ့။ ဒါကြောင့် ဒီစကားရပ်ကို ကျနော်တို့ တမင်ရွေးချယ်ပြီး သုံးတယ်။ နိုင်ငံရေးအကျဉ်း သားဟောင်းများက ကန်တော့မှာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးသူ မှန်သမျှ လွတ်လပ်စွာပါဝင်ပြီးတော့ တက်ရောက်လို့လည်း ရသွားမယ်။”