DVB Logo
Home
မြန်မာသတင်း
ကချင်စစ်​ပြေး​ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ အိုး​အိမ်မဲ့​ဖြစ်
DVB
·
October 7, 2011
ကချင်စစ်​ပြေး​ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ အိုး​အိမ်မဲ့​ဖြစ်
Donate to DVB

ကေအိုင်​အေ(ကချင်လွတ်​မြောက်​ရေး​တပ်မ​တော်) နဲ့​ အစိုး​ရတပ်​တွေအကြား​ ​လေး​လကြာ တိုက်ပွဲကာလအတွင်း​ ​ဒေသခံ နှစ်​သောင်း​ခွဲ​ကျော် အိုး​မဲ့​အိမ်မဲ့​ဖြစ်သွား​ တယ်လို့​ ထိုင်း​နိုင်ငံအ​ခြေစိုက် ကချင်အမျိုး​သမီး​အစည်း​အရုံး​က ​ပြောပါတယ်။

[caption id="attachment_16268" align="alignright" width="310" caption="လိုင်ဇာ​ဒေသ​ရောက် ကချင်စစ်​ပြေးဒုက္ခသည်များ​"][/caption]

ကေအိုင်​အေနဲ့​ အစိုး​ရအကြား​ ၁၇ နှစ်ကြာ အပစ်ခတ်ရပ်စဲမှုဟာ ပြီး​ခဲ့​တဲ့​ဇွန်လ ၉ ရက်​နေ့​မှာ အစိုး​ရတပ်ဘက်က ထိုး​စစ်ဆင် တိုက်ခိုက်ခဲ့​တဲ့​အတွက် ပျက်ပြယ်သွား​ပါတယ်။

တိုက်ပွဲကာလ ​လေး​လအတွင်း​ ကချင်ပြည်နယ် ဗန်း​မော်ခ ရိုင် မိုင်ဂျာယံအနီး​တဝိုက်က ​ဒေသခံ ၂၀,၀၀၀ ​လောက် တရုတ်နယ်စပ်ဘက် ထွက်​ပြေး​တိမ်း​ရှောင်သွား​ကြပြီး​ အိုး​အိမ်မဲ့​နေကြရတာလို့​ ကချင်အမျိုး​သမီး​အစည်း​ အရုံး​ (KWAT) တာဝန်ခံ မွန်း​နေလီက ​ပြောပါတယ်။

ခုလိုထွက်​ပြေး​တိမ်း​ရှောင်​နေရသူ​တွေဟာ ​နေ​ရေး​စား​ရေး​ အခက်ကြုံ​နေကြပြီး​ လက်ရှိကူညီ​နေတဲ့​ ကချင်လူမျိုး​အသိုင်း​အဝိုင်း​ကလည်း​ ​ရေရှည်မကူညီနိုင်ဘူး​လို့​ လည်း​ မွန်း​နေလီက ​ပြောပါတယ်။

“နိုင်ငံတကာက​နေ ကြည့်​ရှုကူညီတယ်ဆိုတာလည်း​ မရှိတဲ့​အခါကျ​တော့​ သူတို့​ရဲ့​ စား​ဝတ်​နေ​ရေး​က ​တော်​တော်​လေး​ကို ပြဿနာဖြစ်​နေတယ်။ အခုဆိုရင် မိုး​ရာသီဆို​တော့​ မိုး​ကလည်း​ရွာတယ်၊​ ​ဆောင်း​တွင်း​လည်း​ ဝင်ခါနီး​ပြီဆို​တော့​ ​အေး​ တဲ့​ဒဏ်​တွေလည်း​ ခံ​နေရပြီ​ပေါ့​နော်။ ​စောင်​တွေ မလုံ​လောက်တာ​တွေ၊​ မိုး​ရွာပြီး​တော့​ နာမကျန်း​တဲ့​လူ​တွေ ပိုများ​တယ်။ လူကြီး​တွေ၊​ က​လေး​တွေဆို ပိုပြီး​တော့​ မခံနိုင်ဘူး​။ ဖျား​နာတဲ့​ဟာ​တွေ၊​ က​လေး​တွေဆိုရင် အာဟာရ ချို့​တဲ့​ပြီး​ ​ရောဂါ​တွေ ဖြစ်​နေတယ်။”

တရုတ်နယ်စပ်ကိုမသွား​တဲ့​ လူဦး​ရေ ၅,၀၀၀ ​လောက်က မြစ်ကြီး​နား​၊​ ဗန်း​မော်နဲ့​ ဝိုင်း​မော်မြို့​တို့​ဘက်ကို ထွက်​ပြေး​ခိုလှုံ​နေကြပြီး​ အကူအညီမဲ့​နေကြတယ် လို့​ဆိုပါတယ်။

အစိုး​ရကလည်း​ ပြည်တွင်း​ အန်ဂျီအိုအဖွဲ့​တွေကို ကူညီခွင့်​ ပိတ်ပင် ထား​တာ​ကြောင့်​ အစား​အ​သောက်၊​ ရာသီဥတုဒဏ်​ကြောင့်​ သက်ကြီး​ရွယ်အို​တွေနဲ့​ က​လေး​ငယ်​တွေ ဖျား​နာ​သေဆုံး​တာ​တွေရှိတယ်လို့​လည်း​ ​ပြောပါတယ်။

“သူတို့​ကို တကယ့်​ ကြီး​ကြီး​မား​မား​ အန်ဂျီအိုက​နေ ​ထောက်ပံ့​တဲ့​ဟာက အခု အချိန်ထိ ဘာမှမရှိ​သေး​ပါဘူး​။ UNHCR ဆိုလို့​ရှိရင်လည်း​ ရန်ကုန်မှာ အ​ခြေစိုက် တာ​ပေါ့​နော်၊​ ဒါ​ပေမဲ့​ သူတို့​ကလည်း​ အစိုး​ရရဲ့​အောက်ကဆို​တော့​ ခွင့်​မပြုတဲ့​ဟာဆို သူတို့​ ဘာမှလုပ်လို့​မရတဲ့​အပိုင်း​မှာ ရှိတယ်။ က​လေး​တွေဆိုရင် ဝမ်း​လျှော​ရောဂါ ​တွေနဲ့​ ​သေဆုံး​တာရှိတယ်။ လူကြီး​တွေဆိုရင် ရာသီဥတုဒဏ်မခံနိုင်ဘူး​။ ​နေရတဲ့​ ​နေရာကလည်း​ ​လေ​အေး​ကာကွယ်နိုင်တဲ့​ဟာ မဟုတ်ဘူး​ဆို​တော့​ များ​သောအား​ဖြင့်​ အသက်ကြီး​ပိုင်း​တွေ ​သေဆုံး​တာများ​တယ်။”

ခုချိန်ထိ စစ်​ပြေး​ဒုက္ခသည် က​လေး​ငယ်​တွေနဲ့​ သက်ကြီး​ရွယ်အို ၂၀ ​လောက် ​သေဆုံး​ခဲ့​ရပြီလို့​ ​ပြောပါတယ်။

ဒါ့​အပြင် စစ်ပွဲကာလအတွင်း​ ကချင်အမျိုး​သမီး​ ၃၇ ဦး​ အဓမ္မပြုကျင့်​ခံရပြီး​ ၁၅ ဦး​ အသတ်ခံခဲ့​ရတယ်လို့​လည်း​ ဒီ​နေ့​ထုတ်ပြန်တဲ့​ ကချင်အမျိုး​သမီး​အစည်း​အရုံး​ အစီရင်ခံစာမှာ ​ဖော်ပြပါတယ်။

အစိုး​ရစစ်တပ်​တွေဟာ ရှမ်း​ပြည်နယ်​မြောက်ပိုင်း​က ​ကေအိုင်​အေ တပ်မဟာ ၄ အ​ခြေပြု တပ်ရင်း​တွေကို ပြီး​ခဲ့​တဲ့​သီတင်း​ပတ်က ထိုး​စစ်ဆင်တာ​ကြောင့်​ တိုက်ပွဲ​တွေ ဖြစ်​နေပြီး​ ​ထောင်နဲ့​ချီတဲ့​ရွာသား​တွေ ထွက်​ပြေး​ကုန်ကြပါတယ်။ ဒီစစ်​ပြေး​ဒုက္ခသည် ​တွေဟာ နယ်စပ်ဘက်ကိုလည်း​မ​ရောက် မြို့​ဘက်ကိုလည်း​မသွား​နိုင်ဘဲ ​တောတွင်း​ မှာ ထွက်​ပြေး​တိမ်း​ရှောင် အသက်ဆက်​နေကြရတယ်လို့​လည်း​ ကချင်အမျိုး​သမီး​ရဲ့​ အစီရင်ခံစာမှာ ​ဖော်ပြထား​ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013