DVB Logo
Home
မြန်မာသတင်း
တပတ်အတွင်း​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ထုတ်ပြန်မည်ဆိုသည့်​ ​ကောလာဟလပျံ့
DVB
·
October 7, 2011
Donate to DVB

မြန်မာနိုင်ငံအကျဉ်း​ဦး​စီး​ဌာနက အကျဉ်း​သား​တွေကို မကြာခင်ကာလအတွင်း​မှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​မယ်ဆိုတဲ့​ ​ကောလဟလ​တွေ ​ထောင်အသိုင်း​အဝိုင်း​မှာ ထွက်​ပေါ်​နေသလို ပြင်ဆင်မှုတချို့​ကိုလည်း​ ကြား​သိ​နေရပါတယ်။

ထွက်​ပေါ်​နေချက်​တွေအရ လာမယ့်​ ​အောက်တိုဘာ ၁၄ ရက်မှာ သမ္မတကြီး​ဦး​သိန်း​စိန် အိန္ဒိယနိုင်ငံ ခရီး​စဉ်မတိုင်မီ လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​မယ်လို့​ ​ပြောဆို​နေ​ကြောင်း​ အင်း​စိန်​ထောင်နဲ့​ နီး​စပ်သူတဦး​က ​ပြောပါတယ်။

“ကျ​နော်တို့​ ဒီမှာကြား​နေတာက ဦး​သိန်း​စိန် အိန္ဒိယမသွား​ခင်လို့​တော့​ အဲလိုကြား​နေတယ်။ သွား​မယ့်​ဟာကလည်း​ ၁၄ ရက်​နေ့​လို့​ကြား​နေတယ်။ ဒါ​ပေမယ့်​ ကျ​နော်တို့​စောင့်​ကြည့်​နေတာက တနင်္လာ၊​ အင်္ဂါ ဖြစ်နိုင်မလား​ပေါ့​” လို့​ ​ပြောပါတယ်။

ဒီလွတ်ငြိမ်း​ချမ်း​သာခွင့်​ထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေလည်း​ ပြန်လည် လွတ်​မြောက် လာနိုင်ဖွယ်ရှိပြီး​ စာရင်း​ကောက်ယူမှု​တွေလည်း​ ရှိတယ်လို့​ ဒီက​နေ့​ လွတ်​မြောက်လာသူ နိုင်ငံ​ရေး​အကျဉ်း​သား​တချို့​က ​ပြောတယ်လို့​ သူက ​ပြောပါတယ်။

“ဒီ​နေ့​ လွတ်ရက်​စေ့​လွတ်လာတဲ့​ မုံရွာကအဖွဲ့​တွေ ​ပြောသွား​ပုံအရဆိုရင် တချို့​လူ​တွေ ဓာတ်ပုံရိုက်တာ​တွေ​တော့​ လုပ်ပြီ​ပေါ့​နော်။ ဘိုး​တော်ခင်ဝင်း​ဆိုရင် တ​ယောက်က​တော့​ ဘယ်​နေ့​ ဘယ်ရက်ကယ်လို့​တော့​ ​ပြောလို့​မရဘူး​ပေါ့​နော် ‘အိတ်သာပြင်ထား​’ လို့​ ဘိုး​တော်ခင်ဝင်း​ကို ​ပြောသွား​တဲ့​ ဝန်ထမ်း​တွေ တချို့​လည်း​ ရှိတယ်တဲ့​” လို့​ ​ပြောပါတယ်။

နိုင်ငံတဝန်း​က အကျဉ်း​ထောင်​တွေမှာ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀၀ ဝန်း​ကျင်ခန့်​ရှိ​နေတာလို့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကူညီ​စောင့်​ရှောက်​ရေး​အသင်း​က ထုတ်ပြန်ထား​ပါတယ်။

တချို့​ပြောဆိုချက်​တွေမှာဆိုရင် လာမယ့်​အောက်တိုဘာ ၁၂ရက်​နေ့​ သီတင်း​ကျွတ်လပြည့်​ (အဘိဓမ္မာအခါ​တော်​နေ့​)မှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​မယ်လို့​ ဆိုပါတယ်။

ဦး​ခင်ဝင်း​ (ခ) ဘိုး​တော်ခင်ဝင်း​ဟာ ၁၉ဂဂနဲ့​ ၂ဝဝဝပြည့်​နှစ်​တွေက အကျဉ်း​ကျခံရဖူး​တဲ့​ နိုင်ငံ​ရေး​လှုပ်ရှား​သူတဦး​ ဖြစ်ပြီး​ ဂျပန်​ရောက် မြန်မာနိုင်ငံသား​တွေ စု​ပေါင်း​ချီး​မြှင့်​တဲ့​ အညတြသူရဲ​ကောင်း​ဆုရှင်တဦး​ဖြစ်ပါတယ်။

လွန်ခဲ့​တဲ့​သီတင်း​ပတ်က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အစိုး​ရကိုယ်စား​လှယ် အလုပ်သမား​ဝန်ကြီး​ ဦး​အောင်ကြည်တို့​ ​ဆွေး​နွေး​တဲ့​အထဲမှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ထုတ်ပြန်​ရေး​လည်း​ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013