Home
မြန်မာသတင်း
သမ္မတက ရေဘေးသင့်ပြည်သူများကို တောင်းပန်စကား ပြော
DVB
·
August 7, 2016
13920875_1203742226326571_6396410440176843319_n
13882216_1203742146326579_7616394904831276423_n
13872789_1203742312993229_6335335958596370820_n
13872746_1203742192993241_2073972395161180195_n
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မင်းဘူးရေဘေးသင့်ပြည်သူတွေနဲ့ တွေ့စဉ်မှာ သူ အရောက်နောက်ကျလို့ တောင်းပန်ကြောင်း တောင်းပန်စကား ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ မကွေးတိုင်း၊ မင်းဘူးမြို့နယ်ကို  ဒီနေ့ သွားရောက်ပြီး မင်းဘူးမြို့က ရေဘေးသင့်ပြည်သူတွေနဲ့ မြို့က မှန်ကင်းကျောင်းတိုက်မှာ တွေ့တော့ ပြောသွားတာလို့ မင်းဘူးက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောပါတယ်။ “သမ္မတကြီး ပြောသွားတက အခုလို ရေဘေးရှောင် ပြည်သူတွေအတွက် သူအများကြီး စိတ်မကောင်းဖြစ်မိတဲ့အကြောင်း၊ အခုလို ရေဘေးရှောင်တဲ့ရက် နောက်ပိုင်းကျမှ သူ ရောက်လာတာ နောက်ကျတဲ့အတွက် သူ တောင်းပန်တယ်ဆိုတဲ့အကြောင်း ပြည်သူတွေအတွက် အကောင်းဆုံးဘ၀တွေရောက်အောင် သူ ကြိုးပမ်းနေတယ်ဆိုတဲ့အကြောင်းတွေ အဓိက ပြောသွားပါတယ်။” ဦးထင်ကျော်ဟာ မင်းဘူးရေဘေးသင့် ပြည်သူလူထုကို ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် စတဲ့ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ပြီး  ပွင့်ဖြူမြို့နယ် ကုန်းစောင်းကျေးရွာသို့ ဆက်လက်ထွက်ခွာခဲ့တယ်။ ကုန်းစောင်းမှာ ရေဘေးသင့်ပြည်သူနဲ့တွေ့ပြီး အလားတူ တောင်းပန်စကားပြော တယ်။ အဲ့ဒီနောက် ရဟတ်ယာဉ်နဲ့ ပခုက္ကူကို ဆက်လက် ထွက်ခွာသွားတယ်လို့လည်း ပြောပါတယ်။ မကွေးတိုင်း၊ မင်းဘူးနဲ့ စကုမြို့နယ်တို့မှာ ရေဘေးသင့်အိမ်ထောင်စု ၂၈၀၀ ကျော်၊ လူဦးရေ ၁၀၀၀၀ ကျော် ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024